Episode-1

1.6K 143 39
                                    

Unicode

"မင်းအရမ်းလွန်နေပြီနော်Jimin  ‌မပြောမဆိုနဲ့အလုပ်ကနေထွက်ထွက်သွားတာအရမ်းများနေပြီ။ CEOတစ်ယောက်အနေနဲ့တော့ hyungကိုလေးစားသင့်တယ်မထင်ဘူးလား "

"လေးစားလို့ပဲhyungကိုအခုဖုန်းဆက်ပြီးတော့ခွင့်တိုင်တာပေါ့ "

"အပိုတွေမပြောနဲ့ မင်းအခုငါ့ကိုဖုန်းဆက်တယ်ဆိုတာလည်း ငါ့အန်တီလေးကိုလှမ်းတိုင်မှာကြောက်လို့မဟုတ်လား "

"အဲ့လိုမဟုတ်ပါဘူးဗျာ hyungကလည်း တစ်ခါတစ်လေလေးဖြစ်တာကို...အဝေးမှာရောက်နေတဲ့ကိုယ့်ချစ်သူက ကိုယ့်ဆီလာတာဘယ်လိုလူမျိုးကသွားမတွေ့ပဲနေနိုင်မှာလဲ။
ဒါမျိုးတွေကို နှလုံးသားမရှိတဲ့လူပျိုကြီးကိုပြောပြလည်း နားလည်ပုံမပေါ်ပါဘူး ဟုတ်တယ်မလားမောင်~"

"ဟုတ်တာပေါ့ မောင့်အသဲလေးမှန်တယ် "

"အဲ့တာကြောင့်‌ မောင့်ကိုသိပ်ချစ်တာ ~မွ~"

VCခေါ်ထားသည့်Hoseokကိုဂရုမစိုက်စွာ သူ့လူJungkook၏ပေါင်ပေါ်ထိုင်ရင်း ရင်ခွင်ထဲတိုးဝင်ကာ ရင်ဘတ်ကျယ်ကြီးအားတမွမွနဲ့မွနေခဲ့သူJiminသည် အစ်ကိုဖြစ်သူမကြိုက်မှန်းသိ၍တမင်ကိုရွဲ့နေခဲ့သည်။
လူပျိုကြီးခမျာ သဲလွန်းကဲလွန်းပလူးလွန်းသောညီဖြစ်သူအားကြည့်ရင်း မျက်နှာကြီးရဲနေခဲ့သည်။

"Park Jiminမင်းတော်လိုက်တော့နော်... ငါပြောချင်တာကအလုပ်မလာပဲခွင့်ယူမယ်‌ဆို ငါ့ကိုကြိုပြောစေချင်တာ... အထက်လူကြီးတစ်ယောက်အနေနဲ့လေးလေးစားစားဆက်ဆံစေချင်တာ အလုပ်ရောက်လို့မင်းကိုမတွေ့မှခွင့်ယူထားမှန်းသိရရင် CEOတစ်ယောက်အနေနဲ့ဘယ်လောက်သိက္ခာကျလဲ။
မင်းကစပြီးလေးလေးစားစားဆက်ဆံမှ တခြားဝန်ထမ်းတွေကလည်းငါ့အပေါ်လေးလေးစားစားဆက်ဆံမှာပေါ့...ဒါမှမင်းအပေါ်ကိုလည်းတခြားဝန်ထမ်းတွေကလေးစားမှာ...၊
hyungကမင်းကောင်းဖို့အတွက်ပဲပြောတာ ဒီအရိုင်းအစိုင်းလေးနဲ့ပေါင်းပြီး မင်းပါရိုင်းမသွားစေဖို့ဆုံးမနေတာ... hyungပြောတာနားလည်တယ်မလား "

Hoseok၏ဆုံးမစကားရှည်ကြီးကို Jiminကတော့အင်းမလုပ်အဲမလုပ်နားထောင်နေပေမယ့် မကျေနပ်သူJungkookကတော့ ဝင်ထောက်လိုက်လေသည်။

"Kim Taehyungကငါ့ချစ်သူ"Dove le storie prendono vita. Scoprilo ora