"သက်တံ့ရေ "
"ဟေ ! ရှိတယ်ဟ အော်မနေကြနဲ့ တက်ခဲ့ကြအိမ်ပေါ်ကို "
"မင်းတို့ကောင်တွေက ဘာလာလုပ်ကြတာလဲ ။ စာအုပ်တွေနဲ့ မဟုတ်မှ .... စာလာကျက်တယ်လို့တော့မပြောနဲ့နော်"
"ဟုတ်တယ်ငါ့ကောင်ရေ စာလာကျက်တာဟ မနက်ဖြန်ကျ သင်ထားသမျှ စာအကုန်ပြန်စစ်မယ်လို့ ဆရာပြောလိုက်တာ မင်းမကြားလိုက်ဘူးလား"
"မင်းတို့2ကောင်ကလေ အထူးအဆန်းလုပ်နေပြန်ပီ ။ မနှစ်ကလဲ ဆရာ/မတွေလဲ ငါတို့ကိုအဲ့လိုပြောခဲ့တာပဲ အေးဆေးပဲကို "
"ဟေ့ကောင်သက်တံ့ ဒီနှစ်ကတော့မတူနိုင်ဘူးနော် ။ ဆရာလင်းရောင်ခြည်ကို တခြားဆရာတွေနဲ့မတူဘူးလို့ ခံစားရတယ်ဟ ။ ဆရာကစည်းကမ်းကြီးမဲ့ပုံ ပီးကျ ဆရာကိုအလိုလိုနေရင်းကို ရှိန်နေသလိုကြီးပဲကွ"
ငြိမ်းချမ်းအောင်ရဲ့ အပြောကို ရဲရင့်ဟိန်းက ခေါင်းတငြိမ့်ငြိမ့်ဖြင့် ထောက်ခံလေရဲ့ .... ။
သူတို့ပြောတာလဲမမှားပေ သက်တံ့စိတ်ထဲလဲထိုသိုခံစားရသည် ။ သိူ့ပေမဲ့လဲ ဆရာ့ရဲ့ကြည်လဲ့ရွှန်းစိုနေတဲ့ မျက်ဝန်းတွေက သက်တံ့ကိုစွဲငင်နေသလို ။ တည်ကြည်ပြတ်သားတဲ့ ဆရာ့စကားသံတွေဟာလဲ သက်တံ့နားထဲမှာ ပဲ့တင်ထပ်နေသည် ။ အင်း ! ဆရာ့အပေါ်
ချစ်ကြောက်ရိုသေတဲ့ စိတ်ကြောင့် ဖြစ်လာတဲ့ခံစားချက်တွေထင်ပါရဲ့လေ ။ မည်သို့ပင်ဆိုစေကာမူ သက်တံ့ဆိုတာ ရွာရဲ့ငမွှေထိုး မျောက်လောင်းလေးပဲမလား ။ ဒါကြောင့် ဟိုနှစ်ကောင်ကို မဲဆွယ်ကာ စာမကျက်ဖို့ အရေးဒို့အရေးလုပ်ရတော့သည် ။" ဟာ ! မင်းတို့ကလဲ ခုမှ ပထမစာသင်ရက်ပဲရှိသေးတယ်လေ ။ နက်ဖြန်ကစပီးစာသေချာလုပ်မယ်ကွာ ဒီညတော့ ငါတို့နားရအောင်ပါကွာနော် "
" အေးကွာ ပီးရော အဲ့ဆိုငါတို့ဘာလုပ်ကြမလဲ "
"ဟျောင့်သက်တံ့ ဟိုတခါ ရဲရင့် ယူလာတဲ့
ဖဲထုပ် အဲ့တာဘယ်မလဲ အပေါက်ရေကြေးဆော့မယ်သွားယူကွာ"" ခဏစောင့် ငါသွားယူပေးမယ်"
သက်တံ့ထသွားတော့ ငြိမ်းချမ်းကို ရဲရင့်မျက်စောင်းတစ်ချက် ဝေ့ကြည့်လိုက်သည် ။
လောင်းကစားဆို ဝါသနာကြီးလွန်းတဲ့ သကောင့်သားက တုံးအလွန်းတဲ့နေရာမှာတော့နှစ်ယောက်မရှိ ။ ရဲရင့်တစ်ယောက် ငယ်ငယ်တည်းက ပခုံးဖက်ပေါင်းလာတဲ့ သူငယ်ချင်းငြိမ်းချမ်းအပေါ် အရွယ်ရောက်လာတော့ မေတ္တာတွေပိုကာ 528 မှသည် 1500 သို့ ကူးပြောင်းကာ ချစ်မိခဲ့သည် ။ ရှေ့ဆက်တိုးဖို့လဲမလွယ် ၊ ရုတ်သိမ်းဖို့ခက်တဲ့ခံစားချက်တွေနဲ့ friend zone ထဲမှာပဲရပ်တည်နေရသည် ။

YOU ARE READING
Melody Of My Heart
Cerita Pendekဆရာ့ကို နွေးထွေးစေမဲ့မနက်ခင်းအစရဲ့ ရောင်နီ နေဝင်ဆည်းဆာရဲ့ ရောင်နီလေး ဖြစ်ခွင့်ပြုပါ သက်တံ့ရောင်နီ ဉယျာဉ်မှူးတန်မဲ့ ပန်းကောင်းအညွန့်ချိုးတယ်လို့ဆိုကြလေမလား .... လင်းရောင်ခြည်