"သက် တံ့ ရောင် နီ! "
" ငြိမ်း ချမ်း အောင်!! အခုထွက်ခဲ့ကြစမ်း"
ရေဆူမှတ်သဖွယ်မြင့် တက်လာတဲ့အသံအဆုံး ဆရာစိတ်တိုနေပီဆိုတာ သက်တံ့တို့ဗေဒင်မေးစရာမလိုဘဲ သိနေပါပီ ။ ဒီထက်စိတ်မတိုစေဖို့ဆုတောင်းရင်း ဆရာ့ရှေ့နှစ်ယောက်သားလက်ပိုက်လျက် သွားရပ်ရတော့သည် ။
" အသက်လေး လက်တောက်လောက်နဲ့ တရားမဝင် လောင်းကစားဝိုင်းထိ ကျူးကျော်ခဲ့ကြပုံလေး ပြောကြစမ်းပါဦး "
" ........... "
* ဖြောင်း *
မေးလဲမေးရင်း လက်သုံးလုံးအကျယ်ရှိ ဝါးခြမ်းပြားဖြင့် အနားရှိစားပွဲကို လှမ်းရိုက်လိုက်သည်ကြောင့် သက်တံ့တို့ ဒူးမခိုင်ချင်တော့ပေ ။
" ခုမှဘာတေမိ လုပ်နေကြတာလဲ ။ ပါးစပ်မပါကြဘူးလား "
" ပါ ... ပါတယ် ဆရာ " × 2
ကတုန်ကယင်အသံများနဲ့ ဖြေလာတဲ့ကလေး နှစ်ယောက်မှာ မျက်ရည်များလဲဝဲလို့နေသည် ။
လုပ်ချင်ရာလုပ်ပီးမှ ကြောက်ပြနေတဲ့ ဒီနှစ်ယောက်ကို စိတ်ရှိလက်ရှိတာ မေးမေးပီးရိုက်ပစ်လိုက်ချင်သည် ။" ဘာလုပ်ရသေးလို့ မျက်ရည်တွေကျပြနေတာလဲ ဟမ် ! ။ မင်းတို့က အပြစ်လုပ်ထားပီးမှ မျက်ရည်ခံထိုး လျှောက်လွှဲချက်တင်ချင်နေကြတာလား "
"သားတို့ မျက်ရည်ခံထိုးတာ မဟုတ်ပါဘူး ။
သားတို့အပြစ်ရှိတာသိပါတယ် ဆရာပေးတဲ့အပြစ်ခံပါ့မယ် "အပြစ်ရှောင်တဲ့ သူရဲဘောကြောင်ကောင်တွေ၊စကားနားမဝင်တဲ့ ကျောင်းသားဆိုးတွေလို့
ဆရာတွေးထင်စိတ်ပျက်သွားမှာကို သက်တံ့တို့ကြောက်သည် ။" နေ့တိုင်းစာသင်ချိန်ထဲက ဆယ်မိနစ်စာအချိန်ယူပီး မင်းတို့ကို ပြောဆိုဆုံးမခဲ့တာတွေကို နားမဝင်ကြဘူးပဲ "
" မင်းတို့အရွယ်က စူးစမ်းချင်စိတ်များတဲ့အရွယ်မို့ မကောင်းတဲ့အရာကိုသွားစူးစမ်းမှာမလိုလားလို့ အကျိုးအပြစ်တွေကို သိအောင်ပြောပြခဲ့ရတာ ။ မင်းတို့ကတော့ အလကားဒီဆရာ လေလာပန်းနေတယ်လို့ ထင်နေကြတယ်မလား ဟမ် ! "

YOU ARE READING
Melody Of My Heart
Short Storyဆရာ့ကို နွေးထွေးစေမဲ့မနက်ခင်းအစရဲ့ ရောင်နီ နေဝင်ဆည်းဆာရဲ့ ရောင်နီလေး ဖြစ်ခွင့်ပြုပါ သက်တံ့ရောင်နီ ဉယျာဉ်မှူးတန်မဲ့ ပန်းကောင်းအညွန့်ချိုးတယ်လို့ဆိုကြလေမလား .... လင်းရောင်ခြည်