ဖေဖော်ဝါရီလလယ်မှ မေလအထိကို နွေဉတုလို့သတ်မှတ်ပါသော်လဲ မြန်မာနိုင်ငံအလယ်ပိုင်းမိုးနည်းရပ်ဝန်းဖြစ်တဲ့ အညာဒေသမှာတော့ ဂျွန်လအလယ်ရောက်သည်ထိ အပူဒဏ်ကိုအံတုနေရဆဲပင် ။ တမာတန်းရွာလေးလဲအပါအဝင်ပေပေါ့ ။ သို့ပေမဲ့ အရိပ်အာဝါသကောင်းတဲ့ ထနောင်း ၊ ကုက္ကို ၊ မန်ကျည်း ၊ တမာ စတဲ့ အရိပ်ရအပင်ကြီးများ အပေါက်အရောက်များလို့ အနည်းငယ်တော့အပူဒဏ်သက်သာတယ် ဆိုရပေမည် ။
ညနေခင်းချိန် လေသာဆောင် အဖီမိုးအောက်တွင် ဝါးနဲ့လုပ်ထားသော ပက်လက်ကုလားထိုင်လေးချကာ စာအုပ်လေးဖတ်လို့ အနားယူနေချိန်
" ဆရာလင်းရောင်ခြည် ... ဆရာ "
တစ်စုံတစ်ရာကို စိတ်အလိုမကျဟန် အနည်းငယ်တင်းမာနေသော မျက်နှာထားနှင့် မြထွေးညို ဆိုသော အမျိုးသမီးငယ်လေး ။ ဘေးတွင်လဲ အဖော်အမျိုးသား တစ်ဦးပါသေးသည် ။
" မြထွေးညိုတို့ပါလား ဘာအကြောင်းကိစ္စများရှိလို့လဲ "
" တပည့်မကောင်း ဆရာ့ခေါင်းဆိုသလို နေ့လယ်ခင်းက မြထွေးတို့ထန်းတောဆီကို ဆရာ့တပည့်တွေ ထန်းရည်လာသောက်ပါတယ် ။ စားသောက်ပီး ကျသင့်ငွေလဲမပေး ၊ ဘာကြောင်းမှလဲမဆို ထပြေးသွားကြတယ်ဆရာ ။ ပိုက်ဆံကအရေးမဟုတ်ပေမဲ့ စည်းကမ်းမဲ့ ပြုမူသွားတာကြောင့် ဆရာ့ဆီလာတိုင်တန်းရတာပါ "
" ဟုတ်တယ်ဆရာလေး ။ ပိုက်ဆံမပါလဲမပါဘူးမပြောဘူး သူခိုးကျင့်ကျင့်သွားတာ ။ သူတို့လုပ်ပုံနဲ့ကျုပ်တော့ အရီးလေးဆီက အထောင်းခံရတော့မှာ ဆရာလေး ဆုံးမပေးပါဗျာ ။ မဟုတ်ရင် ကျုပ် သူတို့မိဘတွေဆီ သွားပြောရလိမ့်မယ် "
" ဒါမျိုးနောက်မဖြစ်အောင် ကျွန်တော်သေချာဆုံးမပေးပါ့မယ် ကိုသက်လယ် ။ ကလေးတွေစားသောက်သွားတဲ့ ကျသင့်ငွေကိုလဲ ကျွန်တော်ပေးလိုက်ပါ့မယ် ။ ခဏစောင့်ပါ .... "
အိမ်ထဲပြန်ဝင်ကာ ပိုက်ဆံအိပ်ထဲမှ တစ်သောင်းတန်တစ်ရွက်ထုတ်ယူပီး ကိုသက်လယ်ထံ ကမ်းပေးလိုက်သည် ။ ယူသင့် ၊ မယူသင့် ဝေခွဲရခက်နေပုံပေါ်တဲ့ ကိုသက်လယ်မှာ ပိုင်ရှင်မြထွေးညို၏ မျက်နှာရိပ်မျက်နှာကဲပြသော အဖြေကိုသာ သဲကြီးမဲကြီး ရှာဖွေနေတော့သည် ။
YOU ARE READING
Melody Of My Heart
Historia Cortaဆရာ့ကို နွေးထွေးစေမဲ့မနက်ခင်းအစရဲ့ ရောင်နီ နေဝင်ဆည်းဆာရဲ့ ရောင်နီလေး ဖြစ်ခွင့်ပြုပါ သက်တံ့ရောင်နီ ဉယျာဉ်မှူးတန်မဲ့ ပန်းကောင်းအညွန့်ချိုးတယ်လို့ဆိုကြလေမလား .... လင်းရောင်ခြည်