" ကြီးမေရေ သားပြန်လာပါပီ ခင်ဗျ ။
ဟင် ! ဆရာ "ဆရာလင်းရောင်ခြည်က ဘယ်လိုဖြစ်လို့အိမ်ရောက်နေရတာလဲ မဟုတ်မှ မနက်ကကိစ္စကိုအိမ်ထိလာတိုင်တာများလား ။
" သားရောင်နီ ဆရာလေးကို လာနှုတ်ဆက်လဲ့ဦးလေ "
" ကျွန်တော်နဲ့သက်တံ့ရောင်နီ သိပီးသားပါကြီးမေ ။ သက်တံ့ရောင်နီတို့ ဆယ်တန်းအတန်းကိုသင်ကြားပေးရတာပါ ။ ဒါနဲ့ သက်တံ့ရောင်နီက ခုမှ အိမ်ပြန်လာတာလား ကျောင်းဆင်းတာကြာပီကို "
"ဟုတ်တယ်သားရေ ဒီကလေးက မျောက်လောင်းငမွှေထိုးရယ် ကြီးမေကို ကူရကောင်းမှန်းမသိ ကျောင်းဆင်းတာနဲ့ရွာပတ်ပီး ကလေးတသိုက်နဲ့ငမွှေထိုးတော့တာပဲ "
" ဟုတ်လား ရောင်နီ "
ဆရာရဲ့ ပြုံးစစအမေးကြောင့် သက်တံ့မဝံ့မရဲလေး ခိုးကြည့်လိုက်မိသည် ။ အိုး .. ဟိုး ဆရာကအရမ်းခန့်တာပဲ ပြုံးလိုက်လျှင် ပေါ်လာတဲ့ပါးချိုင့်ခွက်ရာလေးကို သက်တံ့အရမ်းသဘောကျသည် ။ ကြီးမေနဲ့စကားပြောနေတာများပြုံးရွှင်လို့ အတန်းထဲမှာ အမြဲရုပ်တည်ကြီးနဲ့တွေ့နေရတယ့်ဆရာမှ ဟုတ်ရဲ့လားလို့ တွေးယူရသည့်အထိပင် ။
ဒီနေ့တော့ ကျောင်းပိတ်ရက် ဖြစ်တဲ့အတွက်သက်တံ့တို့ သူငယ်ချင်းသုံးယောက် စူးစမ်လို၍ ရွာမြောက်ပိုင်းမှာရှိတဲ့ ဂျင်ဝိုင်းကိုသွားရန်ဆုံးဖြတ်လိုက်ကြသည် ။
" ကြက်ကွာ 3000ထိုးမယ် ။ ငမဲမင်းကော ဘာထိုးမှာလဲ "
" ကြက်ပဲကွာ 1000ထိုးမယ် "
" ငါးရှဉ့် ရော့ပါတာ ဒါအကုန်ပဲ 5ထောင် လှည့်ကွာ "
ဒိုင်ဆိုသော ကိုဘမောင်သည် ကြက် ၊ ဝက် ၊ဖား ၊ငါးရှဉ့် အရုပ်တစ်မျိုးစီပါတဲ့ လေးထောင့်တုံးပုံ
အထက်အောက် တုတ်တံလျှိုတပ်ထားသော အန်စာတုံးကို ယွန်းအုပ်လေးထဲ ထည့်ခလောက်သည် ။ အန်စာတုံးအသံငြိမ်သွားတဲ့ အချိန်စောင့်ပီး ယွန်းအုပ်ဖွင့်လိုက်ချိန် ကြက်ရုပ်ကျသွားလေသည် ။ ကြက်ထိုးထားသော ငမဲနဲ့ ရွှေဘ က လောင်းကြေးရဲ့နှစ်ဆရကာ ငါးရှဉ့်ထိုးတဲ့ သာဒင်ကတော့ ပါသမျှကုန်ရတော့သည် ။
YOU ARE READING
Melody Of My Heart
Cerita Pendekဆရာ့ကို နွေးထွေးစေမဲ့မနက်ခင်းအစရဲ့ ရောင်နီ နေဝင်ဆည်းဆာရဲ့ ရောင်နီလေး ဖြစ်ခွင့်ပြုပါ သက်တံ့ရောင်နီ ဉယျာဉ်မှူးတန်မဲ့ ပန်းကောင်းအညွန့်ချိုးတယ်လို့ဆိုကြလေမလား .... လင်းရောင်ခြည်