တစ်ဖက်မှာလဲ ကလေးနှစ်ယောက်ကို လိမ်မ္မာစေချင်တဲ့ဆန္ဒအရ ရိုက်လိုက်မိသည်ကို တွေးကာ ရောင်ခြည် စိတ်မကောင်းဖြစ်နေရသည် ။ သူ့လက်ဆဘယ်လောက်ပျင်းလဲ သူအသိဆုံးသာဖြစ်သည် ။ မျက်ရည်ကြည်တို့ ပြည့်နှက်နေသည့် မျက်ဝန်းဝိုင်းဝိုင်းလေးနဲ့ ကောင်လေးကလဲ ရောင်ခြည့်စိတ်အာရုံမှာ ကပ်ညှိတွယ်ပါလာခဲ့သည် ။
" ဆရာ .... ဆရာလင်းရောင်ခြည် ဟုတ်ပါသလားရှင် "
" ဟုတ်ပါတယ်ခင်ဗျာ ..... ဒီဘက်က "
" မြထွေးပါ မြထွေးညိုလို့ခေါ်ပါတယ် ဒီရွာရဲ့ကွမ်းတောင်ကိုင် ပန်းတောင်ကိုင်အချောလေးပါ ဟီး .... ဟီး "
သွားစွယ်လေးများပေါ်သည်အထိ ပြုံးပြလာတဲ့သူမလေးက အာယုအားဖြင့် နှစ်ဆယ်ကျော်စွန်းစွန်းသာရှိပေဦးမည် ။ ကိုယ်ခန္ဓာအလုံးအဖန်လှပီး ညိုညက်ညက်အသားအရည် မျက်လုံးမျက်ဖန်ကောင်းကောင်းနှင့် ရွာရဲ့ကွမ်းတောင်ကိုင် အချောအလှပီသပါပေတယ် ။
" ဪ ! ... ဒါနဲ့ မြထွေးညိုက ကျွန်တော့်ကိုရှာတာ ဘာကိစ္စရှိလို့လဲဗျ "
" ဒီနေ့မြထွေးတို့အိမ်က ဘုရားကိုးဆူလုပ်တာလေ အဲ့တာ ရွာကျောင်းကဆရာ , ဆရာမတွေအတွက်ပါ မုန့်ဟင်းခါးလိုက်ပို့ပေးတာ ဒီမှာလေ ဆရာ့အတွက် "
မြထွေးညိုကမ်းပေးသော သုံးဆင့်စတီးချိုင့်လေးအား သူလက်လွှဲယူလိုက်ပီး ကျေးဇူးတင်စကားသာဆိုလိုက်သည် ။
" ကျေးဇူးတင်ပါတယ် မြထွေးညို "
" ချိုင့်ကိုတော့ မနက်ဖြန်ကျမှ မြထွေးလာယူပါ့မယ် ဆရာ "
" တကူးတကကြီးဖြစ်နေပါ့မယ် မနက်ကျွန်တော်ကျောင်းသွားရင်း ယူလာပေးပါ့မယ်မြထွေးညို "
" ဟုတ်ကဲ့ဆရာ အဲ့တာဆို မြထွေးကိုပြန်ခွင့်ပြုပါဦးနော် "
" ဟုတ်ကဲ့ ကောင်းပါပီခင်ဗျာ "
ကိုယ့်အိမ်လာတဲ့ဧည့်သည်ကို ဧည့်ဝတ်ပြုရမှာသိပေမဲ့လဲ သူရောကိုယ်ရော နှစ်ယောက်လုံးကအရွယ်ရောက်နေတဲ့ လူတွေမဟုတ်ပေလား ။ ကိုယ်ကလဲ တစ်ယောက်တည်းသမား အသက်အရွယ်အားဖြင့်လဲ မတိမ်းမရိမ်းရှိတဲ့ သူမလေးကို အများအမြင်မသင့်တော်သည်မို့ အိမ်ထဲဝင်ထိုင်ပါဦးလို့တောင် လောကွပ်မပြုခဲ့ ။
YOU ARE READING
Melody Of My Heart
Short Storyဆရာ့ကို နွေးထွေးစေမဲ့မနက်ခင်းအစရဲ့ ရောင်နီ နေဝင်ဆည်းဆာရဲ့ ရောင်နီလေး ဖြစ်ခွင့်ပြုပါ သက်တံ့ရောင်နီ ဉယျာဉ်မှူးတန်မဲ့ ပန်းကောင်းအညွန့်ချိုးတယ်လို့ဆိုကြလေမလား .... လင်းရောင်ခြည်