" သက်တံ့ရောင်နီ ! "
" အာ့ !!! သေပါပီဗျာ "
ဘယ်အချိန်တည်းကများ ခေါ်နေသည်မသိ အငေးလွန်သွားတာ လက်တစ်ဆစ်ကျော်လောက် မြေဖြူခဲလေး နှဖူးပြင်ပေါ်သို့ ထိတွေ့ခုန်ဆင်းသွားမှပဲ အသိဝင်လာခဲ့တော့သည် ။ မတည်မပြုံးမျက်နှာထားဖြင့် ကြည့်နေတဲ့ ဆရာ့ကြောင့် သက်တံ့မှာလည်း ဦးနှောက်ရဲ့လှုံ့ဆော်မှုနောက် ချက်ချင်းပင် မတ်တပ်ရပ်လက်ပိုက်ကာ ဆရာ့ဆီမှ နှုတ်ထွက်စကားတို့အား ရင်တမမနဲ့ စောင့်စားနေရသည် ။
ဘုရား , သကြားမလို့ ယခုအခါ ဆရာ့စိတ်လေး နူးညံ့အေးချမ်းနေပါစေ ..... ။ အေးချမ်းနေမှဖြစ်မယ် မဟုတ်ရင် သက်တံ့အပြစ်ပေးခံထိပီး နေပူပူမှာ ကျောပူ , တင်ပူရလိမ့်မယ် ။
" သက်တံ့ရောင်နီတို့က မျက်လုံးကြီးပြူးပီး မလှုပ်မယှက်နဲ့ ဘယ်ကောင်မလေးဆီ စိတ်ရောက်နေတာလဲ "
" အာ ! ဆရာကလဲ အခုချိန်ထိ သားမှာ မူးလို့နမ်းစရာ ကောင်မလေးမရှိသေးပါဘူဗျာ ။ သားကရေမရောရသေးတဲ့ လူပျိုစစ်စစ်လေးပါ ဟီး ဟီး "
* ဂွပ် *
" နို့နံ့တောင် မစင်သေးတဲ့ကလေးပိစိက ဘာစကားတွေပြောနေတာလဲ "
" ဆရာမေးလို့လည်း ကောင်မလေးမရှိတဲ့အကြောင်း သေချာရှင်းပြပေးတဲ့ဟာကို ။ အခုတော့ အွန့် ! သားခေါင်းလေးမှာ ငုံးဉထွက်ပါပီ "
သိပ်လဲမနာပါဘဲ ဟန်ပန်မူပိုပီး မျက်နှာလေးရှုံ့မဲ့ကာပြောနေသည့် ကောင်လေးက နို့နံ့မစင်သေးသည်မှာ မလွဲဧကန်ပင် ။ သွားလေးတွေဆိုတာလဲ မင်းမော်ကွန်းနဲ့ နင်လားငါလားပဲ ကလေးသွားလေးတွေကျလို့ ။ လုံးလုံးချွန်ချွန်နဲ့အမြဲနီနေတတ်တဲ့ နှာထိပ်လေးကလဲ ဆွဲညှစ်ချင်စရာအတိ ....
" ထွက်မှာပေါ့ မင်းကမူလီလုပ်ပီး ဆရာ့ရှေ့ဈေးဗန်းသွားခင်းတာကို နည်းသေးတယ် "
" ဟင်း ... ဟင်း ! ငြိမ်းချမ်းအောင် .. မေငိုးလေး ဆရာ့ရှေ့မို့ မင်းသက်သာသွားတယ်မှတ် "

YOU ARE READING
Melody Of My Heart
Short Storyဆရာ့ကို နွေးထွေးစေမဲ့မနက်ခင်းအစရဲ့ ရောင်နီ နေဝင်ဆည်းဆာရဲ့ ရောင်နီလေး ဖြစ်ခွင့်ပြုပါ သက်တံ့ရောင်နီ ဉယျာဉ်မှူးတန်မဲ့ ပန်းကောင်းအညွန့်ချိုးတယ်လို့ဆိုကြလေမလား .... လင်းရောင်ခြည်