Unicode
နယ်မြို့လေးတစ်မြို့ရှိမိဘမဲ့ဂေဟာတစ်ခုကို
ကားဖြူလေး တစ်စီး မောင်း ဝင်လာသည်။
ထိုကားဖြူလေးထိုးရပ်လိုက်တော့ အမျိုးသမီးတစ်ယောက် ထွက်ကြိုသည်။ ထိုအမျိုးသမီးကဂေဟာကို ကြီးကြပ်နေသူလည်းဖြစ်သည်။"သူဌေးကြီးနဲ့ သူဌေးကတော် ရောက်လာပြီလား"
"ရောက်ပါပြီ ဂေဟာမှူး"
"သူဌေး မွေးစားချင်တယ်ဆိုတဲ့ Jungkookလေးကို ကျွန်မတို့နားဝင်အောင်ပြောပြီးပါပြီ အခု Jungkookကလည်း သူဌေးတို့နဲ့လိုက်မယ်တဲ့"
"ဝမ်းသာလိုက်တာရှင်....ဖေကြီးရေကျွန်မတို့တော့သားလေးရပြီ"
"ဒါပေါ့ကွာ"
"လာ...သူဌေး ကျွန်မနဲ့လိုက်ခဲ့"
ဂေဟာမှူးလည်း Jungkookရှိတဲ့စီကို သူဌေးလင်မယားကိုခေါ်သွားလိုက်သည်။
"သားလေးရေ ဒါသားကို မွေးစားမဲ့ ဖေဖေနဲ့မေမေ သားက နှုတ်ဆက်လိုက်ပါဦး"
Jungkookလည်းသူဌေးလင်မယားကိုကြည့်ပြီး နှုတ်ဆက်စကားဆိုလိုက်သည်။
"မဂ်လာပါ ဦးဦး နဲ့ဒေါ်ဒေါ်"
"သားလေး အဲ့ဒါ သားဖေဖေနဲ့မေမေဖြစ်သွားပြီလေ ဦးဦးဒေါ်ဒေါ်လို့မခေါ်ရဘူး"
Jungkookလည်း ဂေဟာမှူးကြီး ပြောတာကို မျက်လုံးအဝိုင်းသားလေးနဲ့ကြည့်ပြီး သူဌေးလင်မယားကိုပြန်နှုတ်ဆက်လိုက်သည်။
"မဂ်လာပါ ဖေဖေနဲ့မေမေ"
"ဟုတ်ပါပြီ သားလေးရယ် သားလေးက မေမေတို့နဲ့ လိုက်မှာမှတ်လား"
"ဟုတ်ကဲ့ သားလိုက်မှာပါ မေမေတို့နဲ့လိုက်ရင်လေ သားကို ကျောင်းကောင်းကောင်းမှာထားပေးပါနော်သားစာကြိုးစားပါ့မယ် သားပညာတက်ကြီးဖြစ်ချင်တာ"
Jungkookစကားကြားတော့ သူဌေးလင်မယားလည်း သဘောအကျကြီး ကျနေတော့သည်။
"ဟုတ်ပါပြီ သားလေးရယ် သားလေးမေမေတို့နဲ့လိုက်ရင် မေမေတို့ကကျောင်းကောင်းကောင်းလည်းထားပေးမယ် သားလိုချင်တာတွေလည်း အကုန်ဝယ်ပေးမယ်"
"ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ်"
"ဒါဆို သူဌေးနဲ့ သူဌေး ကတော် Jungkook
ကိုမြန်မြန်လေးခေါ်သွားလိုက်တော့နော်
တော်ကြာTaeလေးနိုးလာမှာဆိုးလို့ပါ"
YOU ARE READING
အတိတ်ရဲ့အလွန်
Fanfiction"Taeရယ် ဘယ်တွေရောက်နေတာလည်း...ကိုကို Taeကို ရှာတာ တစ်နေ့မှ မပျက်ခဲ့ပါဘူး ....ဒီနေ့မတွေ့ရင်နောက်နေ့တော့ တွေ့မှာပဲ ဆိုတဲ့စိတ်နဲ့ ကိုကို ဇွဲမလျော့ပဲ ရှာနေရတာ... Taeလေးက ကိုကို ကို သနားရင် ထွက်လာပါတော့လား"