Unicode
"ကိုကို Tae လမ်းမလျှောက်နိုင်တော့ ဘူး Taeကို ကုန်းပိုး"
"လာ...ကိုကို ကျောပေါ်တက်လိုက်...အဲ့ဒါ
ကြောင့်Taeကို ပြောပါတယ် အဝေးကြီး မသွားပါနဲ့ဆို အခု ပြန်ရတာဝေးတော့ Taeလမ်းမလျှောက်နိုင်တော့ဘူးမှတ်လား""ကိုကိုကလည်း Tae အဲ့နေရာလေးကို ကြိုက်တယ်...နေကြာပန်းခင်းကြီးကလည်း အရမ်းလှတယ်
Taeအဲ့နေရာလေးကိုရောက်သွားရင် စိတ်အရမ်းအေးချမ်းလို့ပါ""ဟုတ်ပါပြီ Taeရယ် ကိုကိုက အဝေးကြီးသွားရတော့ Taeပင်ပန်းမှာဆိုးလို့ပါ"
"Taeပင်ပန်းလည်း အခုလို ကိုကို က ကုန်းပိုးလို့ရတာပဲ"
"ဟုတ်ပါပြီဗျာ....အတက်လေး ....စကား အရမ်းတက်တယ်...ဒီကိုကိုကတော့ ပင်ပန်းရင်ပင်ပန်းပါစေပေါ့လေ"
"ကိုကို က Taeကို ညိုညင်တာလား ဒါဆို အခုချပေး Taeကိုယ့်ဘာကို လမ်းလျှောက်မယ်"
"စိတ်ဆိုးသွားတာလား...ကိုကိုက ချစ်လို့စတဲ့ဟာကို"
"မစနဲ့ Taeကို ချပေး အခုချပေး TaeဘာTaeပဲ လမ်းလျှောက်ပြန်မယ်...."
"မချပေးပါဘူး"
Taehyungလည်း သူ့ကိုကို ကျောပေါ်ကနေ ကော့ကလန် ထိုးနေတော့သည်။ Jungkookကတော့ Taehyungကိုယ်လေးပြုကျမှာဆိုးလို့ ထိန်းကိုင်ရင်း ေလျှာက်နေရသည်။
"Tae ငြိမ်ငြိမ်နေ ပြုကျမယ်... ပြုကျရင် Taeနာသွားမှာနော်"
"ကိုကို မှ Taeကို အောက်မချပေးတာ"
"မချပေးပါဘူး Taeမှ လမ်းမလျှောက်နိုင်တာ
ကိုကို က ဘာလို့ ချပေးရမှာလဲ ဂေဟာအထိ ကုန်းပိုးသွားမှာပေါ့""ကိုကိုဘဲ ပင်ပန်းတယ်ဆို "
"ဟော... အဲ့လိုလဲ မပြောမိပါဗျာ...ခင်ဗျားလေးကလည်း စိတ်ကြီးပဲ ကိုကိုက စလိုက်တဲ့ဟာကို"
"မသိဘူး ...မစနဲ့...Taeက ကိုကို ညိုညင်ရင် အရမ်းစိတ်မကောင်းဖြစ်တယ်"
"ကိုကို မညိုညင်ရပါဘူးဗျာ....ကယ်ပါ နောက်ကို Taeကို မစတော့ဘူးနော်"
Taehyung တစ်ယောက် အိမ်မက်က လန့်နိုတော့
မျက်တွေကျနေမိသည်။သူခဏခဏ
ကိုကို ဆိုတဲ့ လူကို အိမ်မက်မက်သည်။
အိမ်မက်မက်တိုင်းလည်း ကိုကိုဆိုတဲ့လူက သူ့အပေါ် ဂရုစိုက်ကြင်နာပေးပြီး သူ့ပြောသမျှ အကုန်လိုက်လုပ်ပေးသည်။ ဒါပင်မဲ့ မျက်နှာကိုတော့ သဲသဲကွဲကွဲ မမြင်ရ နှုတ်ခမ်းအောက်က မှဲ့လေးကိုတော့မှတ်မိသည်။
YOU ARE READING
အတိတ်ရဲ့အလွန်
Fanfiction"Taeရယ် ဘယ်တွေရောက်နေတာလည်း...ကိုကို Taeကို ရှာတာ တစ်နေ့မှ မပျက်ခဲ့ပါဘူး ....ဒီနေ့မတွေ့ရင်နောက်နေ့တော့ တွေ့မှာပဲ ဆိုတဲ့စိတ်နဲ့ ကိုကို ဇွဲမလျော့ပဲ ရှာနေရတာ... Taeလေးက ကိုကို ကို သနားရင် ထွက်လာပါတော့လား"