Unicode
Kim Somiဖုန်းဆက်၍ Seokjinတစ်ယောက် ချက်ချင်းပြန်ရောက်လာသည်။
"မေမေ..."
"သားကြီး မင်း ညီလေး သူတို့နဲ့ပါသွားပြီ..."
"မေမေ ဘာလို့ ညီညီကို အမှန်အတိုင်းပြောလိုက်တာလည်း မေမေရယ်..."
"အမှန်အတိုင်းမပြောလို့မှ မရတော့တာ သားရယ်.. သူတို့က မေမေ့ကို DNAစစ်ခိုင်းတဲ့ဟာကို.."
"DNAစစ်ခိုင်းလည်း လှည့်ပတ်လို့ရနေတာပဲ အမှန်အတိုင်းပြောစရာမှ မလိုတာ...မေမေကိုက နုံလွန်းတယ်.."
"မေမေလည်း ရုတ်တရက်ဆိုတော့ ကြောက်ပြီး အမှန်အတိုင်းဖွင့်ပြောမိလိုက်တာပါသားကြီးရယ်...ပြီးတော့ မင်းညီကပါ DNAစစ်ပေးပါပြောနေတော့မေမေ ဘယ်လိုမှ မသက်သာတော့လို့ဖွင့်ပြောမိလိုက်တာပါ..."
Seokjinတစ်ယောက် သက်ပျင်းချကာ...
"ဖေဖေရော သိပြီးပြီလား ညီညီပါသွားတဲ့အကြောင်း..."
"မေမေ သားအဖေကို မပြောရသေးဘူး သားကိုပဲအရင်ဆက်သွယ်လိုက်တာ.."
"မေမေ ကျွန်တော် ညီညီနောက် လိုက်သွားမှ ရမယ်...ညီညီကို ကျွန်တော် စိတ်မချဘူး..."
"သားကြီးရယ် သားငယ်က သူ့မိသားစုနဲ့ ပြန်တွေ့နေပြီပဲ...မေမေတို့ စိတ်မချစရာမလိုတော့ပါဘူး..."
"မဖြစ်ဘူးမေမေ ညီညီက အားလုံးသတိရသေးတာမဟုတ်ဘူး...ညီညီ သူ့မှတ်ဥာဏ်တွေ အကုန်ပြန်သတိရသွားမှ ကျွန်တော် စိတ်ချနိုင်မယ်...."
"သားက ဘယ်လိုလုပ်ချင်လို့လည်း..."
"ကျွန်တော် ကိုရီးယားပြန်လိုက်သွားမယ်...ညီညီကို ကျွန်တော် စောင့်ရှောက်မယ်..."
"သားငယ်က လက်ခံပါ့မလား သားရဲ့..."
"လက်မခံလို့မရဘူးမေမေ...ညီညီက ဘာပဲပြောပြော ကျွန်တော်တို့လက်ပေါ်မှာ ကြီးပျင်းခဲ့တဲ့ ကျွန်တော့်ညီလေးပဲ...ကျွန်တော် ကျွန်တော့်ညီကိုစောင့်ရှောက်ပိုင်ခွင့်ရှိတယ်..."
"ဒါဆိုလည်း သားသဘောပါ မေမေကတော့ ဘာမှမပြောချင်တော့ဘူး..."
"ဟုတ်မေမေ ဖေဖေပြန်လာရင် အကျိုးအကြောင်းရှင်းပြလိုက်ပါ...ကျွန်တော် ညီညီနောက် လိုက်သွားတယ်လို့..."
YOU ARE READING
အတိတ်ရဲ့အလွန်
Fanfiction"Taeရယ် ဘယ်တွေရောက်နေတာလည်း...ကိုကို Taeကို ရှာတာ တစ်နေ့မှ မပျက်ခဲ့ပါဘူး ....ဒီနေ့မတွေ့ရင်နောက်နေ့တော့ တွေ့မှာပဲ ဆိုတဲ့စိတ်နဲ့ ကိုကို ဇွဲမလျော့ပဲ ရှာနေရတာ... Taeလေးက ကိုကို ကို သနားရင် ထွက်လာပါတော့လား"