Unicode
တစ်ခါတစ်လေ အိပ်တန်းပြန်တဲ့ငှက်ကလေးတွေနဲ့စကားတွေပြောချင်တယ် ကျွန်တော့်Taeကိုတွေ့ရင်ပြောပေးပါလို့ ကျွန်တော်လိုက်ရှာနေတဲ့အကြောင်းကို၊ လေညှင်းလေးတွေကိုလည်းပြောချင်တယ် Taeကိုမြန်မြန်ပြန်တွေ့အောင်ခေါ်ဆောင်လာပေးပါလို့ ။
!Taeရေ ဘယ်တွေများရောက်နေတာလဲကွာ ကိုကိုရှာရတာ မောနေပြီ Taeရဲ့ !
ကျွန်တော်စဥ်းစားမိတယ် Taeကိုပြန်မတွေ့တာဟာ ကျွန်တော့်ကို ပြစ်ဒဏ်ခတ်နေသလိုခံစားရတယ် ။ Taeကသူ့ကို မထားသွားပါနဲ့လို့ ပြောခဲ့တာကို ကျွန်တော်ထားခဲ့မိလို့ ကံတရားက ကျွန်တော့်ကို Taeနဲ့မတွေ့အောင် ပြစ်ဒဏ်ခတ်နေတာနဲ့တူတယ်။
"ဟေ့ယျောင် Jungkook ဘာတွေမှိုင်နေတာလည်း"
Namjoonပုခုံးပုတ်လိုက်မှ Jungkookလည်းအသိစိတ်ဝင်တော့သည်။
"အား....Hyeon ဘာမှ မဟုတ်ဘူး ဒီလိုပါပဲ"
"ဒီလိုပါပဲ လုပ်မနေနဲ့ အစည်းအဝေးစတော့မယ်မြန်မြန်လာ ရှယ်ယာဝင်မဲ့လူတွေ ရောက်နေပြီ"
"ဟုတ်ကဲ့....ဒါဆိုသွားမယ်လေHyeon"
အစည်းအဝေးခန်းထဲဝင်တယ်ဆိုရင်ဖြင့် Yoongiကမကြည်တဲ့အကြည့်နဲ့ ကြည့်နေတာကိုမြင်တော့သည်။ Jungkookသူ့ဘေးမှာဝင်ထိုင်မှ
တိုးတိုးကပ်ပြောတော့သည်။"မင်းဘာလုပ်နေတာလဲ အစည်းအဝေးရှိပါတယ်ဆိုနေမှ မလာဘူး Hyeonသွားခေါ်လို့ပေါ့ နောက်မို့ဆို သတိရမှာမဟုတ်ဘူး "
"တောင်းပန်ပါတယ်ကွာ ငါမေ့သွားလို့ပါ နောက်မှအပစ်တင်အခုအစည်းအဝေးစရအောင်"
Seokjinမှာ Jungookဝင်လာထဲက ကြည့်နေမိသည်။ သူ့ကိုတော့Jungkookကမမြင်
ထို့ကြောင့်Seokjinလည်း မသိချင်ယောင်ဆောင်နေလိုက်သည်။အစည်းဝေးစတော့ Jungkookတို့သူငယ်ချင်း3ယောက်လည်း သူတို့ကိုယ်သူတို့မိတ်ဆက်ပေးကာ တစ်ယောက်ချင်းစီက ကုမ္ပဏီအကြောင်းကို ရှယ်ယာဝင်မဲ့လူတွေကိုရှင်းပြနေကျသည်။ Jungkookရှင်းပြသည့်အလှည့်ရောက်မှ Seokjinကိုမြင်သွားတော့သည်။
အစည်းအဝေးပြီးသွား၍ ရှယ်ယာဝင်မဲ့လူတွေနဲ့လက်မှတ်ထိုးကာ အားလုံးဆွေးနွေးလို့ပြီးသွားကြသည်။
YOU ARE READING
အတိတ်ရဲ့အလွန်
Fanfiction"Taeရယ် ဘယ်တွေရောက်နေတာလည်း...ကိုကို Taeကို ရှာတာ တစ်နေ့မှ မပျက်ခဲ့ပါဘူး ....ဒီနေ့မတွေ့ရင်နောက်နေ့တော့ တွေ့မှာပဲ ဆိုတဲ့စိတ်နဲ့ ကိုကို ဇွဲမလျော့ပဲ ရှာနေရတာ... Taeလေးက ကိုကို ကို သနားရင် ထွက်လာပါတော့လား"