Unicode
Seok Jin တစ်ယောက် Taehyungနဲ့ Jungkookကိုမြင်၍ ရှော့ ရတော့သည်။
!ဟင်....ဒါဘယ်လိုဖြစ်နေကြတာလဲ..!
လူတွေလည်းဝိုင်းကြည့်နေကြ၍ Seok Jinမှာ Jungkookတို့ရှိရာစီ အပြေးလေးလျှောက်သွားသည်။
"Jungkook ဒါဘာလုပ်တာလဲ အခုချက်ချင်း လက်ကိုဖယ်လိုက်ပါ..."
Jungkookကတော့ ဘယ်သူပြောပြော ဂရုမစိုက် ဖက်မြဲတိုင်းဖက်ထားသည်။
Seok Jinလည်း ပြောမရတဲ့အဆုံး Jungkookလက်ကိုအတင်းဆွဲဖယ်တော့သည်။
"Tae....ကိုကိုရဲ့ Taeလေး..... "
ပါးစပ်က Taeဆိုတာကို တစ်ဖဝါးမှ မချ
Jungkookပုံစံကိုကြည့်ကာ Seok Jinမှာ နားမလည်နိုင် ၊ Taehyungမှာလည်း Jungkook
ဖြစ်နေတဲ့ပုံစံကိုကြည့်ကာ အံ့သြလို့နေသည်။"Jungkook ငါနဲ့အပြင်ခဏလိုက်ခဲ့.."
Jungkookလက်ကိုအတင်းဆွဲ၍ Seok Jinတစ်ယောက် ပြခန်းထဲမှ အပြင်ကို ခေါ်ထုတ်သွားသည်။
Taehyungမှာတော့ ထိုနားမှာပဲကျောက်ရုပ်တစ်ရုပ်လို ရပ်ကာ ကျန်နေခဲ့သည်။
"V ရရဲ့လား ဘာဖြစ်သွားသေးလဲ...."
Jiminမေးမှ Taehyungမှာ အသိစိတ်ပြန်ကပ်တော့သည်။
"အင်း.....ရတယ် ဘာမှမဖြစ်ဘူး....."
"Vရယ် ငါဖြင့် လန့်သွားတာပဲ မင်းကိုအဲ့လူ အတင်းဖက်နေလို့ ငါ Hyungကို အမြန်ပြေးခေါ်ရတယ်....."
Taehyungတစ်ယောက် Jiminပြောတာကို စိတ်မဝင်စား Seok Jin နဲ့ Jungkookကိုပဲ လှမ်းကြည့်နေသည်။
"Jungkook မင်း ငါ့ညီကို ဘာလုပ်တာလဲ....."
"Hyung ကျွန်တော် မေးတာကို အမှန်အတိုင်းဖြေပါ..... Kim Vက Hyung ညီအရင်း မဟုတ်ဘူးမှတ်လား...."
Jungkookမေးတော့ Seok Jinမှာ ချက်ချင်းဆိုသလို။
"Kim V က ငါ့ညီ မဟုတ်လို့ ဘယ်သူဖြစ်ရမှာလဲ ...."
"Hyung လိမ်နေတာ Kim Vက Hyung ညီအရင်းမဟုတ်ဘူး...."
"Jungkook မင်းဘာတွေအရူး ထ နေတာလဲ ငါတို့မှာ ဒီညီအကိုနှစ်ယောက်ပဲရှိတယ် မင်းမယုံရင်စုံစမ်းလို့ရတယ်..."
"Hyungရယ် အမှန်အတိုင်းပြောပြပါ ကျွန်တော့်ကိုမလိမ်ပါနဲ့ Hyungရဲ့ညီဆိုတဲ့Kim Vက ကျွန်တော့်ရဲ့ ပျောက်သွားတဲ့ညီ Kim Taehyungပါ...."
YOU ARE READING
အတိတ်ရဲ့အလွန်
Fanfiction"Taeရယ် ဘယ်တွေရောက်နေတာလည်း...ကိုကို Taeကို ရှာတာ တစ်နေ့မှ မပျက်ခဲ့ပါဘူး ....ဒီနေ့မတွေ့ရင်နောက်နေ့တော့ တွေ့မှာပဲ ဆိုတဲ့စိတ်နဲ့ ကိုကို ဇွဲမလျော့ပဲ ရှာနေရတာ... Taeလေးက ကိုကို ကို သနားရင် ထွက်လာပါတော့လား"