Part-5

229 27 1
                                    

Unicode

"ကိုကို Taeဆံပင်ကို ကြက်တောင်စီး စီးပေး"

"စီးပေးမှာပေါ့ ကိုကိုလှလှလေး စီးပေးမယ်"

Taehyungရဲ့ အရှေ့ဆံပင်လေးတွေကိုစုပြီး
ကြက်တောင်စီးလေး စုစီးပေးလိုက်သည်။

"ကိုကို Taeလေးက အရမ်းလှသွားပြီ ကြည့်ပါဦး"

Taehyungလည်းမှန်ရှေ့ပြေးကြည့်ပြီး သူ့ကိုကိုစီးပေးတဲ့ကြက်တောင်စီး ကို သဘောကျနေတော့သည်။

"ကိုကို စီးပေးတာ လှလိုက်တာ"

"ကိုကိုတော်တယ်မှတ်လား"

"Taeကိုကိုက ကမ္ဘာပေါ်မှာအတော်ဆုံးပဲ"

လက်မလေး တထောင်ထောင်နဲ့ပြောနေတဲ့Taehyungရဲ့ပုံရိပ်လေးကို Jungkookပြန်မြင်ယောင်နေမိသည်။

"သတိရလိုက်တာTaeရယ် ဘယ်တွေများရောက်နေတာလည်း ၊ ဘာမဆို ကိုကိုလုပ်ပေး ကိုကိုလုပ်ပေးနဲ့ပူစာတက်တဲ့ကလေးလေး အခုရော ကိုကိုနေရာမှာ ဘယ်သူ့ကိုအစားထိုးလိုက်ပြီလည်း
ကိုကိုကတော့Taeနေရာကိုဘယ်သူကိုမှ အစားမထိုးဘူး Taeအတွက်နေရာအမြဲချန်ထားတယ်"

"သား Jungkook ထမင်းလာစားတော့လေ
ပြန်ရမှာ နောက်ကျနေမယ်"

Jungkook လည်း ဂေဟာမှူး ခေါ်သံကြားမှ မျက်ရည်လေးတွေသုတ်ပြီး ထသွားတော့သည်။

"သားများများ ထည့်စားနော် သားအကြိုက်တွေချက်ထားတာ"

"ဟုတ်ကဲ့ပါ ဂေဟာမှူး ထည့်စားပါ့မယ်"

စားပွဲ အရှေ့က ငါးပန်းကန်လေးစီအကြည့်ရောက်သွားပြန်တော့ Taehyungကိုသတိရသွားပြန်သည်။

"ကိုကို Taeငါးမစားတက်ဘူး ငါးကအရိုးတွေပါတယ် "

"Taeရယ် ငါးပါဆို အရိုးပါမှာပေါ့ ပေးကိုကို ကို
အဲ့ငါးပန်းကန် ကိုကို အရိုးနွှင်ပေးမယ်"

ငါးတွေကိုအရိုးသေချာ နွှင်ပေးပြီး Taehyung
ပန်းကန်ထဲကိုထည့်ပေးလိုက်သည်။

Jungkook နွှင်ပေးတဲ့ ငါးလေးကို တမြုတ်မြုတ်နဲ့စားနေတဲ့ Taehyungလေးက အရမ်းကို အပြစ်ကင်းပြီး ချစ်စရာကောင်းလွန်းသည်။

Jungkookကတော့ သူမစားပဲ Taehyungစားတလေကို ထိုင်ကြည့်ပြီး ဗိုက်ပြည့်နေတော့သည်။

အတိတ်ရဲ့အလွန်Where stories live. Discover now