"မင်းမှာ အကိုနဲ့တူတာဆိုလို့ ဒီနှလုံးသားတခုပဲရှိတာ ကျန်တဲ့အကျင့်စရိုက်တွေအကုန်လုံးက အကိုနဲ့ဆန့်ကျင်ဘက်ပဲ Haruto! မင်းကိုချစ်သူအဖြစ်စဥ်းစားမယ့်အစား အကိုနဲ့
အနီးစပ်ဆုံးတူတဲ့ မင်းသူငယ်ချင်းကိုပဲ စဥ်းစားမယ်"
𝗞𝗶𝗺 𝗝𝘂𝗻𝗸𝘆𝘂"ခင်ဗျားရည်းစားရဲ့ နှလုံးသားကိုအစားထိုးလိုက်တာနဲ့ပဲ ကျွန်တော်က သူဖြစ်မသွားဘူး Kim Junkyu! အဲ့တာကြောင့်မို့ ကျွန်တော် ဘယ်နှစ်ယောက်ပြိုင်တွဲတွဲ ခင်ဗျား ကိစ္စမဟုတ်ဘူး....
သိပ်ကိုချယ်လှယ်ချင် နေတယ်ဆိုရင်လည်း ကျွန်တော်နဲ့တွဲပြီးမှ ဆက်ပြောကြတာပေါ့"
𝗪𝗮𝘁𝗮𝗻𝗮𝗯𝗲 𝗛𝗮𝗿𝘂𝘁𝗼"Kyu က ကျွန်တော်ဖြစ်နေလို့ ချစ်တာမဟုတ်ပဲ တယောက်သောသူနဲ့ဆင်လို့ ခေါင်းငြိမ့်လိုက်တယ် ဆိုရင်တောင် ကျေနပ်ပါတယ်..... ကျွန်တော့်ဘက်ကချစ်နေရင်ရတာပဲဟာ...ဒါပေမဲ့ Kyuချစ်လာအောင်လည်း ကျွန်တော်ကြိုးစားဦးမှာမို့ နှလုံးသားတံခါးကို နည်းနည်းလေးဖြစ်ဖြစ် ဖွင့်ထားပေးပါ"
𝗦𝗼 𝗝𝘂𝗻𝗴𝗵𝘄𝗮𝗻𝘈𝘵'𝘴 𝘯𝘰𝘵𝘦:
"အချစ်ကြောင့် အပြစ်ရှိ သူများ" ဆိုတဲ့ ဇာတ်လမ်း ထဲက သဘောကျမိတဲ့ ideaတချို့ကို ယူသုံးထားပါတယ်
အဲ့တာတွေအတွက်လည်း မူရင်းစာရေးသူကို လေးစားစွာ credit ပေးပါတယ်ရှင်💙