Wrong but right(Epi3 Unicode)

237 35 14
                                    


​ရှေ့ကိုပဲအာရုံစိုက်ပြီး ကား​မောင်း​နေတဲ့လူကို Junkyu​ အကဲခတ်ကြည့်တယ်.....

ခပ်မြင့်မြင့်နှာတံနဲ့​အတူ ချွန်ထက်​နေသည့်မေးရိုးတို့ကထိုလူကို ဆွဲ​ဆောင်မှုပိုရှိ​​စေသည်...

သတိအထားမိဆုံးအရာက​​တော့ တိတိပပ ညှပ်ထားတဲ့လက်သည်း​လေး​တွေပါပဲ.....

လက်​ချောင်းသွယ်သွယ်​တို့ဆီ အကြည့်ပို့မိ​တော့
လက်သူကြွယ်မှာ ​​နေရာယူထားပြီ ဖြစ်တဲ့ ​Silver ring​လေး.....

ဘာရယ်မဟုတ်​ပေမဲ့ အကို့ကို​တော့ သတိရမိသား....

"ဘယ်ဘက်ကိုချိုးရမှာလား"

အ​တွေးထဲ​မျော​နေတုန်း​ပေါ်လာတဲ့အသံ​ကြောင့်သူ အသိပြန်ဝင်လာရ၏....

"အင်း"

"တလမ်းလုံးတိတ်​နေတယ်​နော် ဘာဖြစ်လို့လဲ"

"ဘာမှမဖြစ်ပါဘူး  အလုပ်မှာ နည်းနည်းပင်ပန်းလာလို့"

"မသိပါဘူး ကျွန်​တော် နဲ့ ​တွေ့ရလို့များလားလို့"

Junkyuကပြုံးရုံသာပြုံးသည်.....

နာကျင်​နေပုံ​ပေါ်တဲ့ မျက်ဝန်း​တွေကို မပြချင်တာမို့ မျက်လုံး အသာမှိတ်လိုက် ရင်း အိမ်​မြန်မြန်ရောက်ဖို့ကိုသာဆု​တောင်မိတယ်.....

"အိပ်ချင်လို့လား"

"ဟင့်အင်း"

"ပြောစရာရှိတယ်"

"အင်း"

"နက်ဖြန် ခင်ဗျားဆီ လာခဲ့မယ်"

"ဘာလုပ်ဖို့လဲ Dutyချိန်မအားဘူး"

"ဒီတိုင်း မလာပါဘူး customerအ​နေနဲ့လာမှာ"

"ဘာရယ်"

" ​ကောင်မ​လေးနဲ့ ​"

"​အော်"

"lunchစားရင်းပါ"

"မကြိုက်ဘူးလား"

"မကြိုက်စရာအ​ကြောင်း မှမရှိပဲ"

မတုန်မလှုပ်ပြန်​ဖြေ လိုက်​ပေမဲ့ စိတ်မှာကျ  ​​​ကျေနပ်သည်လည်း မဟုတ်မ​ ကျေနပ်တာလည်း မဟုတ်ပြန်.....

"စကားမစပ် ခင်ဗျားideal typeကဘယ်လိုမျိုးလဲ"

"ideal typeက တိတိကျကျ ရယ်လို့မရှိဘူး လူရှုပ်လူ​ပွေ မဖြစ်ရင်ရပြီ"

𝙒𝙧𝙤𝙣𝙜 𝙗𝙪𝙩 𝙧𝙞𝙜𝙝𝙩Where stories live. Discover now