Wrong but right(Epi4 Unicode)

226 31 6
                                    

အကိုက ​တော်​တော်အိပ်​မောကျ​နေပြီမို့ တိုက်ခန်းကိုပဲပြန်​ခေါ်လာခဲ့လိုက်၏

အသာ​ပွေ့ချီပြီးအိပ်ရာပေါ်ချ​ပေး​ဖို့လုပ်သည်အထိနိုးမလာ​သေး

"အကို ​ရေချိုးဦးမလား မဟုတ်ရင်ကျွန်​​တော်...."

စကားမဆုံးခင်မှာ အကို့ဘက်က​နေ
သူ့ လက်​တွေကိုဖမ်းကိုင်လာပြီး

"ဟင့်အင်း..."

မှိတ်ထားတဲ့မျက်ဝန်း​က​နေ မျက်ရည်​တွေကလည်းစီးကျ​နေ​သေးသည်

အစ်ကိုကအိပ်မက်​ယောင်​နေတဲ့ပုံပါပဲ

ဘာဆက်လုပ်ရမှန်းမသိတာနဲ့ နှုတ်ခမ်းနုနုကိုတချက်ပိတ်နမ်းလိုက်​တော့ ချက်ချင်းငြိမ်ကျသွားတယ်....

လျှပ်တပြတ်ဆို​ပေမဲ့ ဒီနူးညံ့မှု​လေးကို သူ​မေ့လို့ရမယ်မထင်

"ကျွန်​တော့်အခွင့်အ​ရေးယူတယ်လို့​တော့မသတ်မှတ်ဘူးမလား"

ခပ်တိုးတိုးဆိုပြီးသူ​ရေချိုးဖို့ထွက်လာလိုက်သည်

​ရေချိုးပြီးခါမှ အစ်ကို့ကို Pajamasလဲ​ပေးဖို့သတိရတယ်

အင်္ကျီကြယ်သီးတပ်​ပေး​နေတုန်းအကိုကမျက်လုံး​လေးအနည်းငယ်ပွင့်အာလာပြီး

"Sorryအကိုအရမ်းအိပ်​ပျော်သွားတယ်ထင်တယ်"

"ကျွန်​တော့်တိုက်ခန်းပဲ​ခေါ်လာလိုက်တာ အ​ဆင်​ပြေရဲ့လား"

​ခေါင်းဆတ်ဆတ်ငြိမ့်ပြပြီးထထိုင်လာတယ်

"​​အကိုကဒီမှာအိပ်​တော့ မင်းကဘယ်မှာအိပ်မှာလဲ"

"ကျွန်​တော်ကsofaရှိတယ်​လေ"

"မရပါဘူး အကိုsofaမှာအိပ်လိုက်မယ်"

"မ​ပေးအိပ်ပါဘူး အစ်ကိုကနုနု​လေးဥစ္စာ"

"ဒါဆိုလည်း အတူတူအိပ်မယ်​လေ ကုတင်က အကျယ်ကြီးကို"

အကိုကလွယ်လွယ်​​လေး​ပြောလိုက်​ပေမဲ့သူက​တော့နား​တွေပါနီရဲတက်လာ၏

"မရဘူး ကျွန်​တော်က​​"

"ရပါတယ် လက်မခံရင်အကိုထပြန်သွား​လိုက်​တော့မှာ​နော်"

𝙒𝙧𝙤𝙣𝙜 𝙗𝙪𝙩 𝙧𝙞𝙜𝙝𝙩Where stories live. Discover now