Wrong but right(Epi2 Unicode)

289 42 2
                                    

"လိုက်ပို့ပေးလို့ ကျေးဇူးတင်ပါတယ်"

"ပါးစပ်ကပဲ ပြောမယ့်အစား အအေးတခုခု
တိုက်လိုက်မယ်ဆိုရင်တော့ ပိုကျေးဇူးတင်မိမယ်ထင်တယ်"

"ဟုတ်ပြီလေ ဒီမှာခဏထိုင်ပါဦး Counterမှာရောက်ကြောင်းအရင်ပြောရဦးမှာမို့"

ရတယ်ဆိုတဲ့ပုံစံနဲ့ မေးဆတ်ပြသည်.....

"Kyu လေး ရောက်ပြီလား"

"ဟုတ် Kelly noona ကျနော့် ဧည့်သည် ပါလာလို့ ခဏလောက် စကားပြောလိုက်ဦးမယ်နော်"

"ရတယ် သွားလေ လုပ်စရာထွေထွေ ထူးထူးလည်းမရှိပါဘူး"

"NAE....GOMAWO"

ခဏကြာတော့ colaဘူးရယ်ဖန်ခွက်ကြည်ကြည်
လေးတခွက်ရယ်ကိုဗန်းနဲ့သယ်ပြီးရောက်ချလာတယ်....

"ကျွန်​တော် Colaကြိုက်မှန်း သိတယ်ပေါ့"

"မသိပါဘူး အဆင်ပြေတာပဲ ယူလာလိုက်တာ"

"Park Aiden အကြိုက်တွေပြောပြပါလား"

"ဘာလို့သိချင်နေတာလဲ"

"ကျွန်​တော်နဲ့ဘယ်လောက်တူမလဲ သိချင်လို့ပါ"

"အော် သူလည်းColaကြိုက်တယ်"

"ဒါဆို နောက်တခုလည်းအကြိုက်ချင်းတူဦးမယ်ထင်ပါတယ်"

"ဘာကြိုက်တာလဲ"

"ခင်ဗျားကိုကြိုက်တာ"

"ဘာ!"

"ဘာလို့ ဒေါသ ထွက်နေရတာလဲ ကျွန်​တော်ကဒီတိုင်းနောက်လိုက်တာ"

"Sry ကိုယ်စိတ်ဆတ်သွားတယ်"

"ထားပါ"

ပြောလည်းပြောရင်ခွင်ထဲလည်းဆွဲသွင်းသည်

"ဘာလုပ်တာလဲ"

ပြာပြာသလဲဖြစ်သွားတဲ့Kim Junkyuပုံစံလေးကတကယ်ကိုအဖြူထည်သက်သက်ရယ်

"အော် ခင်ဗျားပဲပြောထားတယ်လေ တလ နှစ်ကြိမ် နှလုံးခုန်သံကိုနားထောင်ချင်တယ်ဆို"

"အင်း"

"ဒီကြားထဲ ကိစ္စတခုရှိလို့ ခင်ဗျားဆီလာဖို့မအားဘူး အဲ့တာ အခု..."

"အင်း အခု...အခုဆိုလည်း အဆင်ပြေပါတယ်"

ရဲတက်သွားတဲ့ ပါးရဲရဲလေးတွေကရှက်သွားကြောင်းကိုသက်သေပြနေသည်.....

𝙒𝙧𝙤𝙣𝙜 𝙗𝙪𝙩 𝙧𝙞𝙜𝙝𝙩Where stories live. Discover now