Wrong but right(Epi6 Unicode)

142 19 9
                                    

Harutoနားမလည်နိုင်တာတခုက သူတို့နှစ်​ယောက်ကြားskinship​တွေမ​ရေမတွက်နိုင်​အောင်ရှိသည့်တိုင် Kim Junkyuကဘာလို့ နည်းနည်းမှသူ့အ​ပေါ်စိတ်မယိုင်လာရတာလဲ

ပုံမှန်​ကောင်မ​လေး​တွေဆို နာရီပိုင်းအတွင်း​ သူတို့ဘက်ကစလို့ ရည်းစားဖြစ်ဖို့​တောင်းဆိုကြတာအ​မော​​လေ

"ခင်ဗျားစိုကုန်ပြီ"

"အဲ့တာဘယ်သူ့​ကြောင့်လဲ"

​ပြောရင်းခပ်စိမ်းစိမ်း​မော့ကြည့်လာတဲ့ မျက်ဝန်းတွေကမ​ကျေနပ်​သေး​​ကြောင်းကို​ဖော်ပြ​နေတယ်

"မိုးလည်း​အေး​နေတာ duty ပြန်မဝင်နဲ့​​တော့"

"မရဘူးHaruto"

"ဘာလို့မရရမှာလဲ ခင်ဗျားတို့ပိုင်ရှင်ကို ဒီမလာခင်တည်းက requestလုပ်ထားပြီးသား Kim Junkyuကို ခွင့်တရက်​ပေးပါဆိုပြီး​တော့​လေ"

မျက်လုံး​တွေ​မှေးစင်းပြီး​ပြော​​နေတဲ့ပုံက​​အောင်နိုင်သူတ​ယောက်လို

"ဒါဆိုလည်းငါအိမ်ပြန်မယ်"

"မိုး​အေး​နေတယ်​လေ မနက်မှပြန် ကျွန်​တော့်အဝတ်အစား​တွေယူဝတ်ထားလိုက်"

"မလိုဘူး lockerထဲမှာ အဝတ်အစားအပို​...."

"ကျစ်...ခင်ဗျားဒီပုံနဲ့ဆင်းသွားရင်သူများ​တွေဘယ်လိုထင်ကြမလဲ"

စကားကိုဆုံး​အောင်​ပေးမ​ပြောပဲ ကုတင်​ပေါ်ကိုအနက်​ရောင်T shirtတထည်နဲ့ဒူးအ​ပေါ်​လောက်ရှိတဲ့မီးခိုး​ရောင်short pants တထည်ပစ်တင်​ပေးတယ်

"လဲလိုက်"
အဝတ်လဲဖို့လုပ်​နေတဲ့လူကိုမျက်​တောင်မခပ်တန်း
ကြည့်​နေတယ် တကယ့် အရိုင်း

ရှပ်အင်္ကျီကြယ်သီး၃လုံး​လောက်ဖြုတ်အပြီးမှ​တော့မ​နေ​နိုင်​တော့

"ဟိုဘက်လှည့်​နေ​ပေးHaruto!သူများအဝတ်လဲရင်ခုလိုပဲကြည့်​နေရမယ်လို့ မင်းအိမ်ကသင်ထားလား"

"အိမ်က​​တော့သင်မလားဗျာ့ ကိုယ်စိတ်နဲ့ကိုယ်...."

​ပြောလို့မဆုံးခင် မျက်​စောင်း​တွေကပစ်ဝင်လာပြီ​မို့

"​နောက်​နေတာ ခင်ဗျားကိုကြည့်လို့ဘာရမှာမို့လဲ
စိတ်မဝင်စားဘူး"

You've reached the end of published parts.

⏰ Last updated: Jun 11 ⏰

Add this story to your Library to get notified about new parts!

𝙒𝙧𝙤𝙣𝙜 𝙗𝙪𝙩 𝙧𝙞𝙜𝙝𝙩Where stories live. Discover now