"ဒီHotel သေချာလား"
"သေချာတယ် ဒါသူအလုပ်လုပ်တဲ့နေရာလေ"
security guardလေးကိုparkingထိုးဖို့ ကားသော့ ပေးပြီးတာ နှစ်ယောက်သား ဧည့် ကြို သို့ဝင်ခဲ့ကြသည်......
"ကြိုဆိုပါတယ် ဘယ်လိုအခန်းမျိုးလိုချင်တာလဲမသိဘူး"
"ကျွန်တော်HarutoပါJunkyu shi...."
နာမည်ကြားတာနဲ့ တုန်လှုပ်သွားတဲ့ ကိုယ်ငယ်လေး..... မော့ကြည့်လာတဲ့ မျက်လုံးတွေမှာလည်း အရည်တွေလဲ့လို့ အတတ်နိုင်ဆုံးတော့ မငိုမိအောင် ကြိုးစားနေပုံပေါ်သည်.....
အင်းလေ လက်ထပ်ခါနီးကျ မှ သတို့သားလောင်း ဆုံးသွားတဲ့ ခံစားချက်ကဘယ်ကောင်းပါ့မလဲ.....
"dutyပြီးဖို့ ၁၀မိနစ်လောက်ပဲကျန်တော့တာမလို့ ခဏထိုင်စောင့်ပေးပါဦးနော်"
"ရပါတယ် ကျွန်တော်ကချိန်းထားတဲ့အချိန်ထက်စောရောက်နေတာပဲဟာ"
မွေးရာပါ နှလုံးရောဂါကြောင့် အစားထိုးကုသရန်လိုအပ်နေတဲ့ Harutoဟာ တယောက်သောသူရဲ့ကျေးဇူးနဲ့ ကောင်းကောင်းမွန်မွန်ရှင်သန်ခွင့်ရခဲ့တယ်
ငယ်ငယ်တည်းကလိုလေသေးမရှိ အိမ်ကဖြည့်ဆည်းပေးခံရတဲ့သူ ဟာ ခုတော့ အရာအားလုံးပို ပြည့်စုံသွားပြီလေ......
______________________________ကားမတော်တဆမှုတခုကြောင့် ချစ်ရတဲ့အကိုက လောက ကြီးထဲကနေ ထွက်သွားခဲ့ရတယ်
ကြားကြားချင်းတော့ ရူးမတတ်ပဲပေါ့....
ပြည်ပ မှာ ပညာတော်သင်သွား ရတဲ့ အကို့ ကိုJunkyu စိတ်ရှည်ရှည်နဲ့စောင့်နေခဲ့တာလေ...
ဘွဲ့ယူပြီးတာနဲ့ လက်ထပ်ကြမယ်ဆို....
ပြန်လာဖို့ ၂ပတ် အလိုမှ အကိုကထားသွားတယ်တဲ့လား.....
ဒါပေမဲ့ အဆိုး ထဲက အကောင်းလို့ ပြောရမလား အကိုမရှိတော့ပေမဲ့ သူနှလုံးသားလေးက တယောက်ယောက်ရဲ့ ကိုယ်ထဲမှာရှင် သန်နေတယ်ဆိုတာ သိလိုက်ရတယ်.....
ဟုတ်မှာပေါ့ အကိုက သိပ်စိတ်ကောင်းရှိတာလေ အသက်ရှိစဥ်ထဲက ခန္ဓာကိုယ် အစိတ်အပိုင်းတွေလှူဒါန်းဖို့ လက်မှတ်ကြိုထိုးခဲ့ပြီးသားတဲ့ဥစ္စာ......