( အပေါ်ကတစ်ယောက်က အစပိုင်းမှာပါလာတဲ့ ယူဘင်း)အိုမန်ဆိုးသူ့ကားပေါ်ကဆင်းတာနဲ့ သူ့ကိုထိုင်စောင့်နေသော် မြောင်ဟီးဒုံးကိုတွေ့လိုက်ရသည်။ ပေကျန်နေတဲ့အဝတ်စားတွေကိုတောင် သူမလဲထားတာကိုတွေ့လိုက်ရသည်။ မြောင်ဟီးဒုံးဟာအိုမန်ဆိုးကိုတွေ့တာနဲ့ ချက်ချင်းပြေးသွားပြီး ဘေးနားမှာရပ်နေတော့သည်။
" မင်းရေမိုးချိုးပြီးငါ့အခန်းထဲလာခဲ့.."
ထိုစကားတစ်ခွန်းသာပြောပြီး အိုမန်ဆိုးသူဝယ်လာတဲ့အိတ်ကိုကိုင်ကာ အထဲဝင်သွားတော့သည်။ မြောင်ဟီးဒုံးကလည်းချက်ချင်းသူ့အခန်းထဲပြေးသွားကာ ရေသွားချိုးတော့သည်။ အခန်းထဲမှာတော့အိုမန်ဆိုးဟာသူဝယ်လာတဲ့ ပစ္စည်းကိုထုတ်နေလေတယ်..ရှောင်ပိုင်ကလည်းဘေးနားကနေ ဘာများလည်းဆိုပြီးကြည့်နေတော့တယ်..ရှောင်ပိုင်ထင်တဲ့အတိုင်း အိုမန််ဆိုးဝယ်လာတာဟာ ခွေးလည်ပတ်လေးဖြစ်သည်။ ရှောင်ပိုင်ဟာတအံတသြနဲ့..
' boss တကယ်ကြီးအဲ့ဒါမြောင်ဟီးဒုံးအတွက်လား..'
" ဟုတ်တယ်လေ..အိမ်မှာခွေးဆိုလို့သူပဲရှိတယ်လေ.."
' ဒါပေမဲ့သူကလူလေ..'
" ငါ့အတွက်တော့ခွေးလေးတစ်ကောင်ပဲ..ကဲရှောင်ပိုင်မင်းရှောင်ပေးတော့.."
' ဘာလို့ကျွန်တော်ကရှောင်ပေးရမှာလည်း..'
" ဘာလို့လည်းဆိုတော့ငါကစားမလို့ အနှောက်ယှက်တွေမလိုချင်ဘူး .."
'.....'
" သွား..သွား..."
' ယီးလား..'
လို့ပြောပြီးလက်ခလယ်ထောင်ပြပြီး ထိုနေရာကနေပျောက်သွားတော့သည်။ ရှောင်ပိုင်ပျောက်သွားတာနဲ့ မြောင်ဟီးဒုံးဟာခွေးလည်ပတ်လေးကိုကိုင်ပြီး ဟိုတစ်ယောက်လာမဲ့အချိန်ကိုစောင့်နေတော့သည်။၁၅ မိနစ်ကြာရောအိုမန်ဆိုးတံခါးခေါက်သံကြားရလိုက်ရသည်။ မြောင်ဟီးဒုံးရောက်လာပြီဆိုတာသိလိုက်တာကြောင့် သူကိုယ်တိုင်တံခါးသွားဖွင့်ခဲ့တယ်..သူဖွင့်ဖွင့်ချင်းမြင်လိုက်ရတဲ့မြင်ကွင်းကြောင့် နှာခေါင်းသွေးတောင်လျှံချင်လာမိတယ်..ဘာလို့လည်းဆိုတော့မြောင်ဟီးဒုံးဟာ တီရှပ်အမဲရောင်လေးကိုဝတ်ဆင်ထားတာကြောင့်ပေါ့။ လက်ရှည်ကိုအပေါ်သို့ခေါက်တင်ထားတဲ့အပြင် ရင်ဘက်ကကြယ်စိကိုအကုန်မတက်ထားပဲ အောက်နားကသုံးခုလောက်လေးကိုသာတက်ထားတာကြောင့် အပေါ်၌အသားတုန်းလေးများပေါ်နေလေသည်။
YOU ARE READING
villain boss(s-3)
Actionဒီficလေးကို ဖတ်တော့မယ်ဆိုရင်အရင်ဦးဆုံး ကလေးရဲ့အရင်ကောင့်က ကျော်ဇေထက်လေးကိုဖတ်ပေးပါ တကယ်လို့မသိရင်ကလေးရဲ့ RL ထဲကိုဝင်ကြည့်လိုက်ပါနော်..ကျော်ဇေထက်လေးကs-1 ဖြစ်ပြီး..စောင့်နေပေးပါရိပေါ်လေးကတော့ s-2လေးပါ ဒါလေးကတော့s-3 လေးပါယန်လေးတို့ရဲ့အတွဲလေးပေါ့ ..ဒါက...