( အပေါ်ကကျယ်မသဲလေးရင်းကျန်ပါ )" ရင်းကျန်...ရင်းကျန်...မင်းဘယ်မှာလည်း..ရင်းကျန်..."
ကောင်လေးတစ်ယောက်ဟာပန်းခြံထဲလျှောက်သွားရင်း နာမည်တစ်ခုကိုအော်ခေါ်လိုက်တယ် ..အော်ခေါ်နေရင်းနဲ့ သစ်ပင်ကြီးတစ်ပင်ရဲ့အောက်ကိုရောက်သွားရော.." ဟူး..မောလိုက်တာ..ရင်းကျန်ဘယ်တွေသွားနေတာလည်းမသိဘူး..."
" ငါဒီမှာ..."
" အား..သရဲ..."
ရုတ်တရပ်ကြားလိုက်ရတဲ့အသံကြောင့် ထိုကောင်လေးလန့်သွားပြီးအော်လိုက်တယ်..အသံလာရာသစ်ပင်ပေါ်ကိုလည်းကြည့်လိုက်ရော သစ်ကိုင်းအကြီးကြီးပေါ်မှာ မျက်လုံးမှိတ်ပြီး လှဲလျောင်းနေတဲ့ကောင်လေးတစ်ယောက်ကို သူတွေ့လိုက်တယ်..လန့်သွားတဲ့ကောင်လေးဟာ ထိုကောင်လေးကိုတွေ့ရောစိတ်သက်သာရာရစွာနဲ့ လေအေးလေးမှုတ်ထုတ်လိုက်တယ်..သူလည်းကိုယ်ဖော့ပညာရပ်ကိုအသုံပြုကာ သစ်ကိုင်းအကြီးကြီးပေါ်ကို ခုန်တက်လိုက်တယ်..နောက်တော့ထိုင်ချလိုက်ပြီး..
" ရင်းကျန်မင်းငါ့ကိုလန့်ပြီးသေအောင် မလုပ်ပါနဲ့ကွာ.."
"....."
" ရင်းကျန်မင်းအိပ်နေပြီလား.. "
သူ့ရဲ့စကားကိုပြန်မတုန့်ပြန်တာကြောင့် သူလည်း ဘာမှမပြောတော့ပဲအနားယူလိုက်တယ်..ထိုတစ်ယောက်ဟာရင်းကျန်ဆိုတဲ့ကောင်လေး အိပ်နေပြီလို့ထင်နေတာဖြစ်တယ်..တကယ်တော့ရင်းကျန်ဆိုတဲ့ကောင်လေးဟာမအိပ်တဲ့အပြင် သူ့ဘေးနားမှာရှိတဲ့ချစ်စရာကောင်းတဲ့ကောင်လေးကို မကြည့်ပဲစိတ်ထဲကနေစကားလှမ်းပြောနေခဲ့။ထူးဆန်းစွာနဲ့ထိုကောင်လေးကိုရင်းကျန်ကလွဲရင် ကျန်တဲ့တစ်ယောက်မတွေ့ပေ။
' ရှောင်ပိုင်ငါကအခုနန်းတွင်းထဲမှာဆိုတော့ နန်းတွင်းအရှုပ်ပုံတွေနဲ့များ ပတ်သတ်တာလာဟင်..'
' အသေအချာပဲ..'
' ချီး..ငါအမုန်းဆုံးကနန်းတွင်းအရှုပ်တော်ပုံတွေပဲ..ဇာတ်ကားကြည့်ရင်တောင်အဲ့လိုကားတွေကိုရှောင်တယ်..စိတ်ညစ်လိုက်တာ...ဒါနဲ့ရှောင်ပိုင်ငါကအပြစ်ပေးကမ်ဘာကိုရောက်နေတာလေ ငါ့လင်ရောရှိပါ့မလား..'
YOU ARE READING
villain boss(s-3)
Actionဒီficလေးကို ဖတ်တော့မယ်ဆိုရင်အရင်ဦးဆုံး ကလေးရဲ့အရင်ကောင့်က ကျော်ဇေထက်လေးကိုဖတ်ပေးပါ တကယ်လို့မသိရင်ကလေးရဲ့ RL ထဲကိုဝင်ကြည့်လိုက်ပါနော်..ကျော်ဇေထက်လေးကs-1 ဖြစ်ပြီး..စောင့်နေပေးပါရိပေါ်လေးကတော့ s-2လေးပါ ဒါလေးကတော့s-3 လေးပါယန်လေးတို့ရဲ့အတွဲလေးပေါ့ ..ဒါက...