( လူဆိုးလေးကျန်းလီခန့် ပါနော်ဟီး..)
ကျောင်းနောက်ဖေးအနောက်လမ်းကြားလေးထဲတစ်ခု၌ လူတစ်စုရှိသည်။ စုစုပေါင်းငါးယောက်ဆိုပေမဲ့ ထူးဆန်းတဲ့လူတစ်ယောက်လည်းရှိတယ်..အကုန်လုံးဟာယောကျားလေးများသာဖြစ်ကြတယ်..ကောင်လေးတစ်ယောက်ကတော့သူ့ကျော်ပိုးအိတ်လေးကိုအသေစုတ်ကိုင်ထားပြီး ကြောက်လန့်တကြားနဲ့သူ့အရှေ့သူတွေကိုကြည့်နေခဲ့တယ်..
လူသုံးယောက်ကတော့ထိုကောင်လေးကို ဝိုင်းထားပြီး လှောင်ပြောင်စွာနဲ့ကြည့်နေခဲ့တယ်..ကျန်တဲ့တစ်ယောက်ဟာအုတ်နံရံကိုမှီပြီး လက်ပိုက်ကာသူတို့ကိုကြည့်နေခဲ့တယ်..ထူးဆန်းတဲ့တစ်ယောက်ကတော့ထိုကောင်လေးရဲ့ဘေးနားမှာ ရှိနေခဲ့တယ်..ကြောက်လန့်တကြားဖြစ်နေတဲ့ကောင်လေးကို ကျန်သုံးယောက်ဟာဝိုင်းပြီးအနိုင်ကျင့်နေကြတာဖြစ်တယ်..
နောက်တော့နံရံကိုမှီပြီးရပ်နေတဲ့ကောင်လေးဟာ..
" တော်ပြီ ပြန်ကြမယ်.."
ထိုကောင်လေးပြောလိုက်ရော.. အနိုင်ကျင့်နေကြတဲ့သူတွေဟာ.." ကောင်းပြီလေ နောက်မှပဲသူ့ကိုအနိုင်ကျင့်တော့မယ်.."
" မင်းကံကောင်းသွားတယ်မှတ်.."
" အခုချက်ချင်းငါတို့မျက်စိရှေ့ကနေထွက်သွားတော့..မဟုတ်ရင်.."
အနိုင်ကျင့်နေတဲ့ကောင်လေးရဲ့စကားကို အနိုင်ကျင့်ခံရတဲ့ကောင်လေးကြားရော ချက်ချင်းအနောက်လှည့်မကြည့်ပဲ ပြေးထွက်သွားတော့သည်။ ထိုအချင်းအရာကြောင့်အနိုင်ကျင့်ကြတဲ့ကောင်လေးတွေဟာ လှောင်ပြောင်ရယ်မောနေတော့သည်။နံရံမှီပြီးရပ်နေသေးတဲ့တစ်ယောက်ဟာ မျက်မှောက်ကြုတ်လိုက်ပြီး..
" တိတ်တော့.."
သူပိတ်ဟောက်လိုက်ရောအကုန်တိတ်သွားခဲ့တယ်.."....."
" ပြန်ကြတော့.."
" ကျန်းလီငါတို့ကိုလိုက်ပို့ပေးအုန်းလေ.."
" ငါတို့အတူတူပြန်နေ..."
" ငါပြောနေတယ်နော်အခုချက်ချင်းပြန်ကြတော့လို့!!!.."
ကျန်းလီဆိုတဲ့ကောင်လေးဒေါသတကြီးနဲ့ပြောလိုက်ရော တိတ်သွားကြပြီးသူတို့လွယ်အိတ်ကိုကောက်ယူကြကာသုံးယောက်သားထွက်သွားတော့သည်။ မထွက်သွားခင်ကျန်းလီဆိုတဲ့ကောင်လေးကိုတစ်ချက်ချက်လှည့်ကြည့်နေခဲ့တယ်..သူတို့ပုံစံဟာကျန်းလီဆိုတဲ့ကောင်လေးသူတို့ကို ပြန်ခေါ်ဖို့ကိုစောင့်မျှော်နေတဲ့ပုံစံဖြစ်သည်။
YOU ARE READING
villain boss(s-3)
Azioneဒီficလေးကို ဖတ်တော့မယ်ဆိုရင်အရင်ဦးဆုံး ကလေးရဲ့အရင်ကောင့်က ကျော်ဇေထက်လေးကိုဖတ်ပေးပါ တကယ်လို့မသိရင်ကလေးရဲ့ RL ထဲကိုဝင်ကြည့်လိုက်ပါနော်..ကျော်ဇေထက်လေးကs-1 ဖြစ်ပြီး..စောင့်နေပေးပါရိပေါ်လေးကတော့ s-2လေးပါ ဒါလေးကတော့s-3 လေးပါယန်လေးတို့ရဲ့အတွဲလေးပေါ့ ..ဒါက...