" အား..ကျွတ်ကျွတ်..."
ညည်းသံတစ်သံနဲ့လူတစ်ယောက်အိပ်နေရာကနေ နိုးထလာခဲ့တယ်..ထိုတစ်ယောက်ဟာမျက်လုံးကိုအတင်းဖွင့်ပြီး သူ့ဘေးကိုလှည့်ကြည့်လိုက်တာ လူတစ်ယောက်ကိုတွေ့ပြီးလန့်သွားကာ ထထိုင်လိုက်တယ်..တစ်ဖက်သူကလည်းအိပ်နေရာကနေမနိုးလာသေးပေ။ နိုးလာတဲ့တစ်ယောက်ဟာထိုသူကိုကြည့်လိုက် သူ့ကိုယ်ကိုငုတ်ကြည့်လိုက်နဲ့လုပ်နေတော့တယ်..နှစ်ယောက်သားဟာအပေါ်ပိုင်းဗလာသာဖြစ်နေခဲ့တယ်..နိုးလာတဲ့ကောင်လေးဟာတကယ်တော့ကျန်းလီခန့်သာဖြစ်သည်။ ကျန်းလီခန့်ကတော့သူဘယ်လိုတွေဖြစ်လာတာလည်းဆိုတာ စဥ်းစားပေမဲ့ခေါင်းထဲဗလာသာဖြစ်နေတာကြောင့် လုံးဝမစဥ်းစားနိုင်ပဲဖြစ်နေခဲ့။
ကျန်းလီခန့်ဟာသူ့ဘေးနားမှာအိပ်ပျော်နေတဲ့ သူကိုကြည့်ကာအကဲခတ်နေတော့သည်။ သူစိမ်းတစ်ယောက်နဲ့အတူတူအိပ်မိနေတဲ့အတွက် သူလန့်နေပေမဲ့မကြိုက်တဲ့စိတ်တော့မရှိ။ သူ့ချစ်သူများဖြစ်နေမလားဆိုပြီး မျက်တောင်မခတ်ပဲလေ့လာနေခဲ့တယ်..ကျန်းလီခန့်ဟာထိုသူကိုသေချာကြည့်လိုက်မှ ဇာတ်လိုက်ကျားဟုန်ချီးနဲ့အနည်းငယ်တူနေကြောင်း သတိပြုမိသွားခဲ့တယ်..
" ဘယ်သူများပါလိမ်မယ်..."
' လူလေ.. '
" လီး.."
ရှောင်ပိုင်ရုတ်တရပ်ပြောလိုက်တဲ့အတွက်ကြောင့် ကျန်းလီခန့်လန့်သွားခဲ့တယ်..' ဘာတွေလန့်နေတာလည်း..'
' မင်းကလည်းအသံလေးဘာလေးပေးလေကွာ ရုတ်တရပ်ထပြောတော့ဘယ်သူကမလန့်ပဲနေမှာလည်း..ဒါနဲ့သူကဘယ်သူလည်း..'
' ကျွန်တော်လည်းဘယ်လိုသိမှာလည်း bossပဲမနေ့ညက~~~....'
' ငါ..ငါမနေ့ညကဘာတွေသောင်းကျန်းလိုက်တာလည်း...'
' သိချင်ရင်ကြည့်...'
ရှောင်ပိုင်ဟာသူ့အစွမ်းဖြင့် မနေ့ညကသူ့bossလုပ်သမျှကို ပြန်ပြလိုက်တယ်..ကျန်းလီခန့်လည်းသူ့အရှေ့မှာပေါ်လာတဲ့ ပုံရိပ်တွေကိုသေချာစိုက်ကြည့်နေခဲ့တယ်..
မနေ့ညက..
ကျန်းလီခန့်လူတစ်ယောက်နဲ့တိုက်မိပြီး လဲကျသွားမလိုဖြစ်သွားတုန်းက ထိုလူကပဲထိန်းကိုင်ပေးလို့လဲမကျသွားခဲ့ဘူး..နောက်တော့ကျန်းလီခန့်မူးမူးနဲ့ထိုလူရဲ့ ပါးတွေကိုနမ်းနေခဲ့တယ်..
YOU ARE READING
villain boss(s-3)
Actionဒီficလေးကို ဖတ်တော့မယ်ဆိုရင်အရင်ဦးဆုံး ကလေးရဲ့အရင်ကောင့်က ကျော်ဇေထက်လေးကိုဖတ်ပေးပါ တကယ်လို့မသိရင်ကလေးရဲ့ RL ထဲကိုဝင်ကြည့်လိုက်ပါနော်..ကျော်ဇေထက်လေးကs-1 ဖြစ်ပြီး..စောင့်နေပေးပါရိပေါ်လေးကတော့ s-2လေးပါ ဒါလေးကတော့s-3 လေးပါယန်လေးတို့ရဲ့အတွဲလေးပေါ့ ..ဒါက...