အခုဆိုရင်လိုင်းပေါ်၌ဟန်မြောင်ဂမ်နာမည်ကြီးသွားခဲ့တယ်..နာရေးကိုတိုက်ရိုက်လွှင့်နေကြတဲ့အတွက်ကြောင့် ဟန်မြောင်ဂမ်မသေပဲပြန်လာတာကိုအားလုံးတွေ့မြင်သွားကြပြီ။ ဆက်ပြီးဖြစ်လာမဲ့အရာများကိုလည်း အကုန်လုံးရင်တထိတ်ထိတ်နဲ့စောင့်မျှော်နေခဲ့ကြတယ်..ဟန်မြောင်ဂမ်ဟာကြောက်လန့်နေတဲ့ ဂန်ဟာရမ်ကိုကျေနပ်အားရစွာနဲ့ကြည့်နေတော့တယ်..ဂန်ဟာရမ်ရဲ့အဖေဟာသူ့သမီးအကြောင်းတွေ ပေါ်သွားမှာကြောက်လို့..
" တူလေး ဦးလေးကိုမုန်းနေတာသိပါတယ်ကွာ ဒါပေမဲ့ဦးလေးသမီးနဲ့မသက်ဆိုင်.."
" ခင်ဗျားသမီးနဲ့သက်ဆိုင်တယ်လို့ရော ပြောနေလား..."
" .... "
" ကျွန်တော်ဒီရောက်ထဲကသူ့ကိုဘာစကားမှမပြောဘူးနော် ဂရုကိုမစိုက်တာ.. အဲ့ဒါကိုခင်ဗျားသမီးက ပတ်ဆွန်းအတွက်ဝင်ပြောနေတာလေ..ထူးဆန်းတယ်ကျွန်တော်သိသလောက် ပတ်ဆွန်းနဲ့သူနဲ့ကမတွေ့ဖူးပါဘူး ဘယ်လိုဖြစ်လို့သူ့အတွက်ဝင်ပြောပေးနေပါလိမ်.."
"......"
ဂန်ဟာရမ်ရဲ့အဖေလုပ်မှအားလုံးရှုပ်သွားတော့တယ်..သူ့ရဲ့အကြံဟာသူတို့သားအဖကိုသနားလာအောင် ဇာတ်ခင်းမလိုဖြစ်တယ်..ဒါပေမဲ့ယခုတော့အားလုံးလွဲကုန်သွားပြီ။ ဂန်ဟာရမ်ဟာထိုစကားတွေကြောင့် ပိုပြီးတော့တောင်ကြောက်စိတ်တွေဝင်လာခဲ့တယ်..ဒါ့ကြောင့်ခေါင်းကိုသာအသေငုတ်ထားခဲ့။ ပတ်ဆွန်းနယ်ဟာသူ့ချစ်သူလေးကြောက်နေတာကိုမြင်ရော..စကားလမ်းကြောင်းလွဲဖို့ကြိုးစားတယ်.." ဟန်မြောင်..မင်းဒီအတော်အတွင်းပင်ပန်းလာမှာပဲ ငါတို့အိမ်ပြန်ပြီးအနားယူလိုက်ရအောင်..."
" သြော်..ငါ့အတွက်မင်းတွေးပေးသေးတယ်ပေါ့.."
" ငါ..."
" တော်စမ်းပါ မင်းဘာစောက်အပိုတွေပြောနေတာလည်း..ငါထင်ထားသလိုမဟုတ်လောက်ပါဘူးလို့ ကိုယ့်ကိုယ်ကိုပြန်ပြောရင်းဖြေသိမ့်နေရတာပဲ..ဒါပေမဲ့အခုတော့ငါထင်ထားသလိုပဲ..."
ပြောရင်းနဲ့မျက်ရည်တုများကျလာတော့သည်။ ဟန်မြောင်ဂမ်ပြောချင်တာကိုဂင်ဂျွန်ယောင်းကလွဲရင် ဘယ်သူမှနားမလည်ကြ။
YOU ARE READING
villain boss(s-3)
Aksiဒီficလေးကို ဖတ်တော့မယ်ဆိုရင်အရင်ဦးဆုံး ကလေးရဲ့အရင်ကောင့်က ကျော်ဇေထက်လေးကိုဖတ်ပေးပါ တကယ်လို့မသိရင်ကလေးရဲ့ RL ထဲကိုဝင်ကြည့်လိုက်ပါနော်..ကျော်ဇေထက်လေးကs-1 ဖြစ်ပြီး..စောင့်နေပေးပါရိပေါ်လေးကတော့ s-2လေးပါ ဒါလေးကတော့s-3 လေးပါယန်လေးတို့ရဲ့အတွဲလေးပေါ့ ..ဒါက...