Arc-8.6

339 28 13
                                    

မိဖုရားခေါင်းကြီးယွမ်လိန်မိန်အအေးနန်းဆောင်ထဲပို့ခံရတဲ့ သတင်းဟာနေ့ညတောင်မကူးပဲနန်းတော်ပြင်ပကိုရောက်ရှိသွားခဲ့။ ပြည်သူပြည်သားများဟာယွမ်လိန်မိန်ကို မသနားကြ။ သူတို့သားအဖမကောင်းတာကိုသိရှိတာကြောင့် ကျန်းကန်ရင်းရဲ့လုပ်ရပ်ကိုထောက်ခံအားပေးကြတယ်..

ညီလာခံမှာလည်း ယွမ်အမတ်ကြီးရဲ့လူတွေဟာအဖြစ်မှန်ကို သေချာဖော်ထုတ်ဖို့တောင်းဆိုခဲ့တယ်..ကျန်းကန်ရင်းလည်းယွမ်အမတ်ကြီးရဲ့ လူတစ်ချို့တစ်လေကိုသေဒဏ်ပေးလိုက်တယ်..ကျန်းကန်ရင်းရဲ့ထိုအဖြစ်အပျက်ကြောင့် အားလုံးထိတ်လန့်သွားခဲ့တယ်..ကျန်းကန်ရင်းရဲ့စကားနောက်တာနဲ့မတူပေ။ တကယ်ပဲလူတစ်ချို့ကိုသတ်ဖို့အမိန့်ပေးလိုက်တယ်..

ကျန်းကန်ရင်းရဲ့အမိန့်လည်းကြားရော ရင်းကျန်ဟာဦးဆောင်ပြီးသတ်ရမဲ့ လူတွေကိုသတ်လိုက်တယ်..သတ်ပြီးတာနဲ့ညီလာခံခန်းမထဲကို ထိုအလောင်းများယူလာလိုက်တယ်..အရင်ကကျန်းကန်ရင်းကိုမကြောက်တဲ့အမတ်တစ်ချို့ဟာ ယခုတော့ကြောက်ရွံတုန်လှုပ်လာခဲ့။ ယွမ်အမတ်ကြီးကတော့သူ့လူတွေကို သတ်တဲ့အတွက်ဒေါသထွက်လာခဲ့တယ်..

" အရှင်မင်းကြီးယခုလိုစိတ်လိုက်မာန်ပါနဲ့ လုပ်လိုက်တဲ့အပြုအမူက ပြည်သူပြည်သားတွေကိုဒေါသထွက်စေနိုင်တယ်.."

" ဘယ်လိုမျိုးလည်း.."

" အရှင်မင်းကြီးသတ်လိုက်တဲ့သူအားလုံးက ပြည်သူတွေအလေးအားထားရတဲ့သူတွေ ပြည်သူတွေချစ်မြတ်နိုးတဲ့အမတ်တွေဖြစ်နေကြတယ်..ပြည်သူတွေအမြတ်တော်ရှမှာအရှင်မင်းကြီးမကြောက်ဘူးလား..."

" ဟားဟား..."

"......"

ကျန်းကန်ရင်းဟာထရယ်လိုက်သည်။ သူ့ရဲ့ရယ်သံဟာညီလာခံခန်းမတစ်ခုလုံး ပျံ့နှံ့သွားခဲ့။ ရင်းကျန်ကလည်းမျက်နှာပြောင်တိုက်လွန်းတဲ့ ယွမ်အမတ်ကြီးကိုမဲ့ပြုံးပြုံးနဲ့ကြည့်နေလိုက်တယ်..

" ပြည်သူတွေအမြတ်တော်ရှတယ်..ငါကိုယ်တော်မြတ်ထင်တာကပြည်သူတွေကအမြတ်တော်မရှပဲ မောင်မင်းကအမြတ်တော်ရှနေတာလို့ ထင်တယ်..."

villain boss(s-3)Where stories live. Discover now