( အပေါ်ကတစ်ယောက်က ကလေးနှလုံးလေး ဂင်ဂျွန်ယောင်းပါ)" မင်းသိပြီးပြီလား ပတ်ဆွန်းနယ်လေကောင်မလေးတစ်ယောက်နဲ့ဖောက်ပြန်နေတယ်ကွ.."
" ဘာ...တကယ်ကြီးလားဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလည်း...ပတ်ဆွန်းနယ်ကသူ့ရည်းစားဟန်မြောင်ဂမ်ကို ဘယ်လောက်တောင်ချစ်လိုက်လည်း..ဟန်မြောင်ဂမ်သေလို့အရူးတစ်ပိုင်းကြီးတောင်ဖြစ်နေတာလေ.."
" မဟုတ်ပဲပြောပါ့မလားကွ ဒီမှာကြည့်.."
သူ့ဖုန်းကိုထုတ်ပြီးတစ်စုံတစ်ရာကိုရှာဖွေလိုက်တယ်..သူရှာဖွေလို့လည်းတွေ့ရောသူ့သူငယ်ချင်းကိုပြလိုက်တယ်..သူပြလိုက်တာကပုံလေးတွေဖြစ်တယ်..ပတ်ဆွန်းနယ်ရဲ့ရုပ်ကိုအသေအချာမြင်နေရတယ်..ဒါပေမဲ့ကောင်မလေးရဲ့မျက်နှာကဝါးနေတာကြောင့် ဘယ်သူမှန်းသူတို့မသိကြ။ထိုကောင်လေးနှစ်ယောက်ဟာကော်ဖီဆိုင်လေးမှာပြောနေကြတာဖြစ်တယ်.. သူတို့ပြောနေတာကို တစ်ဖက်ဝိုင်းကကောင်မလေးတစ်ယောက်ဟာ..
" ဟိုလေ..ရှင်ရှာတွေ့ထားတဲ့သတင်းကိုဘယ်ကနေရှာရမလဲဟင်.."
ကောင်မလေးရဲ့အသံကြားရော ခေါင်းချင်းဆိုင်နေတဲ့ကောင်လေးနှစ်ယောက်ဟာ ကြားပြီးထိုကောင်မလေးကိုပြိုင်တူကြည့်လိုက်ကြတယ်..ကောင်မလေးဟာချစ်စရာကောင်းနေတာကြောင့် သူတို့သဘောကျသွားခဲ့..ကောင်လေးနှစ်ယောက်ထဲကပထမစပြောတဲ့တစ်ယောက်ဟာ..." မင်းတို့ရှာစရာမလိုဘူးအကိုအားလုံးပြောပြလို့ရတယ်..အကိုသိထားတာတွေကလိုင်းပေါ်ကထက်တောင်စုံတယ်.."
" ဟုတ်တယ်ဟုတ်တယ်..ဒီကောင်ကစပ်စုတက်တဲ့ကောင်..သူသိထားတာတွေကစုံနေတာပဲ အများစုကအမှန်တွေပဲသိလား ညီမလေး.."
" ဒါဆိုရင်အကိုတို့ညီမတို့ဝိုင်းဘက်လာခဲ့ပါလား.."
" ကောင်းပြီ.."
မိန်းမချောလေးစကားကိုလည်းကြားရော ချက်ချင်းကိုသူတို့ရဲ့ ကော်ဖီခွက်တွေကိုကိုင်ပြီးခုံပြောင်းတော့တယ်..ကောင်မလေးတို့ကစုစုပေါင်းသုံးယောက်ဖြစ်တယ်..အချင်းချင်းမိတ်လည်းဆက်ပြီးရော သူတို့ကိုခေါ်လိုက်တဲ့ကောင်မလေးဟာ..
YOU ARE READING
villain boss(s-3)
Aksiဒီficလေးကို ဖတ်တော့မယ်ဆိုရင်အရင်ဦးဆုံး ကလေးရဲ့အရင်ကောင့်က ကျော်ဇေထက်လေးကိုဖတ်ပေးပါ တကယ်လို့မသိရင်ကလေးရဲ့ RL ထဲကိုဝင်ကြည့်လိုက်ပါနော်..ကျော်ဇေထက်လေးကs-1 ဖြစ်ပြီး..စောင့်နေပေးပါရိပေါ်လေးကတော့ s-2လေးပါ ဒါလေးကတော့s-3 လေးပါယန်လေးတို့ရဲ့အတွဲလေးပေါ့ ..ဒါက...