၅။ ဉာဏ်ကြီးရှင်ရောဂါ။
ရှောင်းကျန့် စကားမပြောနိုင်တဲ့အချိန်ကာလက ခါတိုင်းထက်ပိုကြာနေခဲ့တယ်။
၄ရက်မြောက်နေ့ရဲ့မနက်ခင်းမှာတော့ ရှောင်းကွမ်ကွမ်က သန်းဝေငိုက်မြည်းနေရင်း စာရေးစားပွဲအရှေ့မှာ ငြိမ်ငြိမ်လေးထိုင်နေတယ်၊ ရှောင်းကျန့်ကတော့ အခုထိစကားမပြောနိုင်သေးပါဘူး။
ရှောင်းကျန့်က စားပွဲခုံကိုလက်နဲ့ခေါက်လိုက်ပြီး အလီဇယားကိုမှတ်ဖို့ ရှောင်းကွမ်ကွမ်ကို ပြောတယ်၊ ရှောင်းကွမ်ကွမ်တစ်ယောက်အလီကျက်နေတာ ရက်အတော်ကြာနေပြီ၊ အခုထိထစ်လို့ကောင်းနေတုန်းမို့ ရှောင်းကျန့်ဆီက မျက်မှောင်ကြီးကျုံ့ပြီးကြည့်တာ ခံလိုက်ရတယ်။
ရှောင်းကွမ်ကွမ်ဇာတ်ကလေးပုဝင်သွားတယ်၊ ပါပါးက သူ့ကိုငတုံးလို့ထင်တော့မယ်ဆိုတာ သူသိတယ်၊ တကယ်တမ်းကျတော့ ရှောင်းကွမ်ကွမ်က မမှတ်မိပဲ ထင်တာတွေလျှောက်ဆိုနေတာ၊ သူ့ခေါင်းက အများကြီးမမှတ်နိုင်ဘူး။
ရှောင်းကျန့်ကစကားမပြောပဲ ပုစ္ဆာတွေချပေးပြီး ရှောင်းကွမ်ကွမ်ကိုတွက်ဖို့ အမူအယာနဲ့ပြောတယ်၊ ပြီးတာနဲ့ နာရီက alarm ခလုပ်ကိုနှိပ်လိုက်တယ်၊ ရှောင်းကွမ်ကွမ်ရဲ့ဖောင်းတုတ်တုတ်လက်လေးက ခဲတံကို ချက်ချင်းကောက်ကိုင်ပြီး စာအုပ်ပေါ်မှာ စပြီးရေးခြစ်နေတယ်။
ဖောင်းထွက်နေတဲ့သူ့သားရဲ့ပါးကြီးကို ကြည့်နေရင်း ရှောင်းကျန့် တွေးနေမိတာက ဒီကလေးရဲ့ IQ က ပုံမှန်ရောဟုတ်ရဲ့လားဆိုတာပဲ၊ ရှောင်းကွမ်ကွမ်က မူကြိုလဲမသွားရတော့ ယှဉ်ကြည့်စရာက မရှိဘူးဖြစ်နေတာ။
ရှောင်းကျန့်တုန်းကလဲ ကျောင်းကိုနောက်ကျမှတက်တာပါပဲ၊ နံပါတ်တွေ ဖတ်တတ်တာတောင် ပုံမှန်ကလေးတွေထက် နောက်ကျသေးတယ်၊ ဒါပေမဲ့ ကိန်းဂဏန်းတွေက ရှောင်းကျန့်ကို လွန်လွန်ကြူးကြူး ဆွဲဆောင်ထားနိုင်တာမို့ အချိန်တစ်ပတ်လောက်နဲ့တင် ရိုးရိုးအပေါင်းအနုတ်အမြှောက်အစားအပြင်၊ အနုတ်ကိန်းတွေကိုပါ နားလည်သွားတယ်၊ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာပဲ သင်္ချာသင်ရိုးထဲက သင်ခန်းစာတွေ အကုန်ဖတ်လို့ပြီးသွားခဲ့ပြီ။
YOU ARE READING
Drowning Paper Aeroplane [溺水的纸飞机]
Fanfiction⚠️ Autism Spectrum Disorder, YiZhan, BJYX , Omegaverse, M - preg. - သင်ဟာ ရေနစ်သွားတဲ့စက္ကူလေယာဉ်လေးဖြစ်ခဲ့ရင် ဟိုးအဝေးကကောင်းကင်ပြာပြာကို မော့ကြည့်နေမိအုံးမလား... - I do not own this story. Authorized Translation. All rights reserved to the origi...