၂၉။ မင်းဆီမရောက်နိုင်တဲ့စက္ကူလေယာဉ်များနှင့်အတူ။
ညလယ်လောက်ရောက်တဲ့အထိကို ရှောင်းကျန့်အန်နေတာ မရပ်ခဲ့ဘူး။
ဗိုက်ထဲမှာ နေရတာအဆင်မပြေဘူး၊ ရင်ဘက်ထဲမှာလဲ အော်ဂလီဆန်ပြီး ပြည့်ကျပ်နေတယ်၊ ၁၀မိနစ်လောက် အိပ်ရာပေါ်လှဲနေလိုက် သန့်စင်ခန်းဆီ ဖိနပ်မပါဘဲ ပြေးအန်လိုက်နဲ့ အနားမရခဲ့ဘူး။
ရှောင်းကျန့်စကားမပြောတော့တာ ၆နာရီကျော်သွားပြီ၊ ရှောင်းကွမ်ကွမ်ရဲ့DNA အဖြေမြင်ပြီးကတည်းက ရှောင်းကျန့်ကလုံး၀တိတ်ဆိတ်သွားခဲ့တာ။
ဝမ်ရိပေါ်ကတော့ ကွမ်ကွမ်ကိုအိပ်ဖို့ပြောပြီး ရှောင်းကျန့်အနားမှာ တောက်လျှောက်ရှိနေတယ်၊ ရှောင်းကျန့်ထရင် လိုက်ထတယ်၊ အနောက်ကလိုက်ထိန်းပေးတယ်၊ အန်ပြီးတိုင်း ရှောင်းကျန့်ရဲ့လက်နဲ့မျက်နှာတွေကို ပြန်သန့်ရှင်းပေးတယ်။
ဝေါ့!!
ရှောင်းကျန့်ကိုကြည့်ရတာ ၅နှစ်တာသိုလှောင်ထားတဲ့ အဆိပ်အတောက်တွေနဲ့ မတရားခံထားရသမျှကို တစ်စက်မကျန် အန်ထုတ်ပစ်ချင်နေပုံပေါ်တယ်။
ရွံစရာကောင်းတာတွေကို ရှောင်းကျန့်မကြည့်ချင်ဘူး၊ ဒါပေမဲ့ ပေကျံနေတာတွေမရှိတာတောင် သူ့တစ်ကိုယ်လုံးက ချဉ်စော်နံနေသလို ခံစားရတယ်၊ အိပ်ချင်စိတ်လဲရှိမနေဘူး၊ ရှောင်းကျန့်က ဘောက်ဆာအတိုလေးပဲဝတ်ထားပြီး ရေချိုးခန်းကမှန်ရှေ့မှာ ငူငူငိုင်ငိုင်နဲ့ရပ်နေတယ်။
ဝမ်ရိပေါ်က ရေစိုဝတ်ယူပြီး ရှောင်းကျန့်ရဲ့ခန္ဓာကိုယ်ကို သုတ်ပေးနေတယ်၊ ရှောင်းကျန့်ကိုလက်မြောက်ပေးဖို့ ပြောကြည့်ပေမဲ့ သူပြောတာကိုမကြားတဲ့ပုံစံနဲ့ လုံးလုံးလျားလျားလျစ်လျူရှူထားတယ်၊ ဝမ်ရိပေါ်လဲ အဆင်ပြေသလိုပဲ ကြည့်လုပ်ရတော့တယ်။
နောက်ပိုင်းတော့ ရှောင်းကျန့်ထပ်မအန်တော့ဘူး၊ ဒါပေမဲ့ အိပ်ရာပေါ်မှာလှဲနေရင်း ၂မိနစ်တစ်ခါလောက် လေချဉ်တက်နေတာမို့ ကြို့ထိုးနေတာနဲ့တောင် တူနေတယ်။
"ဆေးရုံသွားချင်လား"
ရှိသမျှသတ္တိတွေကိုစုစည်းပြီး ရှောင်းကျန့်ကိုဝမ်ရိပေါ် ခပ်တိုးတိုးမေးကြည့်တယ်။
YOU ARE READING
Drowning Paper Aeroplane [溺水的纸飞机]
Fanfiction⚠️ Autism Spectrum Disorder, YiZhan, BJYX , Omegaverse, M - preg. - သင်ဟာ ရေနစ်သွားတဲ့စက္ကူလေယာဉ်လေးဖြစ်ခဲ့ရင် ဟိုးအဝေးကကောင်းကင်ပြာပြာကို မော့ကြည့်နေမိအုံးမလား... - I do not own this story. Authorized Translation. All rights reserved to the origi...