Part - 15

10.2K 1.4K 95
                                    

၁၅။ မင်းစချော့ပါ။

ဂွက်!!

ဝမ်ရိပေါ်က လက်ထဲမှာကိုင်ထားတဲ့ဖန်ခွက်ကို ခုံပေါ်ဆောင့်ချလိုက်တယ်၊ အညိုရောင်အရည်တချို့ ဘောင်ဘင်ခတ်ပြီး ပတ်ဝန်းကျင်ကို စင်ကုန်တယ်။

သူ့ကိုဝိုင်းကြည့်နေမှန်း သိလျက်နဲ့တောင် ခြေလှမ်းကျဲကြီးတွေနဲ့ အပေါ်ထပ်ကလက်ရန်းကာဆီ လျှောက်သွားတယ်၊ အဲ့ဒီနောက်တော့ အောက်ထပ်တစ်ခုလုံးကို အပေါ်စီးကနေကြည့်ရင်း လှမ်းအော်လိုက်တယ်။

"ရှောင်းကျန့်!!"

ပွဲတော်လိုပြည့်နေတဲ့လူတွေကြားထဲမှာ ရှောင်းကျန့်ကို ဘယ်လိုရှာရှာမတွေ့ရဘူး၊ ဝမ်ရိပေါ်စိုးရိမ်လာတယ်။

"ရှောင်းကျန့်!!"

"ကော!!"

လူကြားထဲမှာသုံးလေ့မရှိတဲ့နာမည်ကိုပါ ထုတ်သုံးလိုက်မိတယ်။

ဝမ်ရိပေါ်ရဲ့သူငယ်ချင်းတွေကတော့ အခြေအနေကို နားမလည်တာမို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေတယ်၊ ပန်းပွင့်ဘောင်းဘီကတောင် ဝမ်ရိပေါ်ကို တအံ့တသြလှမ်းကြည့်နေတယ်။

ရှောင်းကျန့် အပြင်ထွက်သွားလောက်ပြီလို့ထင်တာကြောင့် ဖုန်းနဲ့အပေါ်ထပ်အဝတ်ကိုယူပြီး အနောက်ကလိုက်သွားဖို့ လုပ်တယ်၊ ဒါပေမဲ့ မကျေနပ်နိုင်ဘဲ ပန်းပွင့်ဘောင်းဘီရဲ့အင်္ကျီကော်လာကို သွားဆွဲလိုက်ပြီး။

"ဘားပိုင်ရှင်ဖြစ်ပြီး လူတောင်မကြည့်တတ်ဘူးလား ဟမ်.. ဒီလိုလူကိုသောက်ခိုင်းလိုက်တယ်.. ဟုတ်လား.. မြေခွေးအိုလိုအကြံနဲ့လူ"

"ခင်များအကျင့်တွေပြင်လိုက်အုန်း"

ပြောပြီးတာနဲ့ ဝမ်ရိပေါ်က ဒေါသတကြီးနဲ့ တွန်းလိုက်တာမို့၊ ပန်းပွင့်ဘောင်းဘီခင်မျာမှာ နံရံနဲ့ဆောင့်မိသွားတယ်။

ဝမ်ရိပေါ် ဘားထဲကပြေးထွက်လာပြီး လမ်းတလျှောက် သွေးရူးသွေးတန်းနဲ့ လိုက်ရှာတယ်၊ ဘားကနေ မီတာ၅၀ အကွာလောက်အရောက်မှာတော့ ရှောင်းကျန့်ကို အမူးသမားတစ်ယောက်က ဆွဲခေါ်နေတာကို တွေ့လိုက်ရတယ်။

Drowning Paper Aeroplane [溺水的纸飞机] Where stories live. Discover now