Part - 26

9.9K 1.2K 105
                                    

၂၆။ လျှို့ဝှက်သမားတော်။

လေကြောင်းအင်ဂျင်နီယာရုံးကလူတွေက ဝမ်ရိပေါ်ကို ဝမ်ကျို့ပေါ်ဆိုပြီး နာမည်အသစ်တစ်ခုပေးထားတယ်။

ကျို့ဘုရင်ဆိုတာက ရှန်မင်းဆက်ရဲ့နောက်ဆုံးမင်းဆက်ပါ၊ ကျို့ဘုရင်မှာ အချစ်ဆုံးမိဖုရားတစ်ပါးရှိတယ်၊ သူ့ကိုတော့ သာ့ကျိလို့ခေါ်ကြတယ်၊ သာ့ကျိက လူစစ်စစ်မဟုတ်ဘဲ မြေခွေးမိစ္ဆာကနေ လူယောင်ဆောင်ထားတာဆိုတဲ့ ယုံတမ်းစကားလဲရှိတယ်။

အဲ့ဒီဘုရင်လိုပဲ ဝမ်ရိပေါ်ကလဲ မဘက်လိုက်ပြီး ဘာမှမမြင်တော့သလို ဖြစ်နေတာမို့ ဝမ်ရိပေါ်ကို ၂၁ရာစုမှာမွေးလာတဲ့ ကျို့ဘုရင်ရဲ့မျိုးဆက်ဆိုပြီး ရွဲ့စောင်းပြောကြတာ။

ဝမ်ရိပေါ်က ရှောင်းကျန့်လက်ကိုတွဲပြီး ရုံးလာတိုင်း လူတိုင်းကနှာခေါင်းရှုံ့ကြတယ်။

ပါလာပြန်ပြီလား 'လေကျယ်တဲ့သာ့ကျိ'။

ဘွဲ့လဲမရ၊ အသိအမှတ်ပြုလက်မှတ်လဲမရှိဘဲ ဝမ်ရိပေါ်အနားကပ်ပြီး စိန်နားကပ်ရောင်နဲ့ ပါးပြောင်ချင်နေတဲ့သာ့ကျိ။

ဒီလိုလူက ဘာအဆင့်ရှိလို့ ရုံးထဲအထိ ဝင်ထိုင်နေရတာလဲဆိုပြီး ဝန်ထမ်းတွေတော်တော်များများက စိတ်ပျက်လက်ပျက်တွေးနေကြတယ်။

ဇစ်မြစ်ကဘာမှန်းမသိ၊ အရင်ကဘာတွေလုပ်ခဲ့မှန်းလဲ မသေချာတဲ့သူက ခေါင်းဆောင်ဝမ်ရဲ့ရုံးခန်းထဲမှာ အခန့်သားထိုင်ပြီး နေ့တိုင်းလေကြီးလေကျယ်တွေ ပြောနေတာ။

သူ့စကားက ဌာနဆိုင်ရာက အသိအမှတ်ပြုလက်မှတ်ရပညာရှင်တွေ ရေးပြီးတင်ထားတဲ့ report တွေထက် အသုံးဝင်နေလို့လား။

ဒီလိုငြူစူကြတဲ့ အဓိကအကြောင်းအရင်းကတော့ကျိန်းသေပေါက် ရှိတာပေါ့။

နောက်ပိုင်းမှာ ဝမ်ရိပေါ်အခန်းကတောင်းလာတဲ့ ဒေတာလိုအပ်ချက်တွေက အရင်ထက်နှစ်ဆ ဖြစ်လာတယ်၊ အထဲကတောင်းတဲ့ဒေတာတွေ ပေးနိုင်ဖို့အတွက် စမ်းသပ်တဲ့ဝန်ထမ်းတွေက အလုပ်ကို ခါတိုင်းထက်ပိုလုပ်ဖို့ လိုလာတယ်။

ပြန်ထွက်လာတဲ့ဒေတာတွေ၊ equation တွေကိုကြည့်လိုက်ရင်လဲ ဝမ်ရိပေါ်လက်ရေးမဟုတ်ဘဲ၊ သာ့ကျိလက်ရေးတွေချည်းပဲ။

Drowning Paper Aeroplane [溺水的纸飞机] Where stories live. Discover now