Part - 8

9.8K 1.3K 114
                                    

၈။ ခေါင်းမာခြင်း။

ငှားရမ်းခသက်သာစေရန်အလို့ငှါ ရှောင်းကျန့်ကတမင် မြို့အစွန်ဆင်ခြေဖုံးနေရာမှာ အိမ်ရှာပြီးနေခဲ့တာပါ၊ ဒါကြောင့် မြို့ထဲသွားစရာရှိတဲ့အချိန်တိုင်း မြို့တစ်ဝက်လောက်ကိုဖြတ်ပြီး မြေအောက်ရထားစီးရလေ့ရှိတယ်။

ဒီလိုရထားကြာကြာစီးရတိုင်း ရှောင်းကျန့်အိပ်ချင်လာတယ်၊ တစ်ခါတလေ မတ်တပ်ရပ်နေရင်းတောင် ငိုက်ချင်တယ်၊ ဒါပေမဲ့ နိုးလာရင်ငေါင်တောင်တောင်ဖြစ်နေမှာစိုးတာကြောင့် အစကတည်းက မအိပ်မိအောင် တင်းခံနေတာများတယ်။

ဒီတစ်ခါတော့ အိပ်ပျော်သွားရှာတယ်၊ တကယ်ကို နှစ်နှစ်ခြိုက်ခြိုက်ပါပဲ။

ဝမ်ရိပေါ်က သူ့ပခုံးပေါ်တင်ထားတဲ့ခေါင်းလုံးလုံးလေးကို တစ်ချက်တချက် ငုံ့ကြည့်တယ်၊ ပြုတ်မကျအောင် ထိန်းပေးထားတယ်၊ နှုတ်ခမ်းထောင့်လေးကို သုတ်ပေးတယ်။

ရှောင်းကျန့်အိပ်နေတာ သွားရည်တောင် ကျလုနီးနီးပဲ၊ ရှောင်းကျန့်ခေါင်းလေးက ပခုံးပေါ်ကလျောကျပြီး ဝမ်ရိပေါ်ရင်ခွင်ထဲရောက်နေတာများတယ်၊ ဝမ်ရိပေါ်ကိုလဲ ဖက်လုံးအရုပ်လို လက်နှစ်ဖက်နဲ့ ဖက်ထားသေးတာ၊ ပတ်ဝန်းကျင်ကိုလဲ ဂရုစိုက်တဲ့ပုံမပေါ်ဘူး။

ဝမ်ရိပေါ်ကလဲ စိတ်ကြိုက်ခွင့်ပြုထားပြီး ရှောင်းကျန့်ရဲ့မျက်နှာလေးကို လက်နဲ့ဖွဖွတို့ထိကြည့်နေတယ်။

သူ့ကိုယ်သူ ဘယ်လိုပဲလိမ်ထားခဲ့ပါစေ၊ ရှောင်းကျန့်ကိုထိတွေ့လိုက်ရတဲ့အချိန်၊ ရှောင်းကျန့်ရဲ့ကိုယ်ငွေ့နဲ့ နီးကပ်သွားတဲ့အချိန်တိုင်းမှာ ရှောင်းကျန့်ဆီကအထိအတွေ့ကို ရူးလောက်အောင်လွမ်းဆွတ်နေခဲ့တယ်ဆိုတာကို ဝမ်ရိပေါ် ကျေကျေနပ်နပ်ကြီးကို ဝန်ခံပါတယ်။

အခု ရှောင်းကျန့်ကဝမ်ရိပေါ်ကို လွမ်းနေတယ်လို့ပြောလာပြီ၊ သူနဲ့အရင်လို ပြန်ဖြစ်ချင်တယ်ဆိုပြီး တောင်းဆိုလာခဲ့ပြီ။

ဒါကိုကြားကြားချင်း အကုန်လုံးကအချည်းနှီးဖြစ်ခဲ့တာပဲဆိုတဲ့ခံစားချက်ကြီး ဝမ်ရိပေါ်ရင်ထဲမှာဖြစ်ထွန်းသွားတယ်။

Drowning Paper Aeroplane [溺水的纸飞机] Donde viven las historias. Descúbrelo ahora