Part - 9

9.6K 1.3K 130
                                    

၉။ ချိန်းတွေ့ခြင်း။

ဆိုင်တစ်ဆိုင်မှာတွေ့ကြဖို့ အားလုံးကို ရှောင်းကျန့်ခေါ်လိုက်တယ်၊ ဖြစ်ချင်တော့ အကုန်လုံးကလဲ အားတက်သရောနဲ့ သဘောတူလိုက်ကြတယ်၊ တကယ်တမ်းသွားရမဲ့နေ့လဲရောက်ရော အင်တင်တင်ဖြစ်လာတဲ့သူက ရှောင်းကျန့်ကိုယ်တိုင်ပါပဲ။

ရှောင်းကျန့်က အပြင်လူတွေနဲ့ သိပ်တွေ့လေ့မရှိတဲ့သူမျိုးလေ၊ အကာအကွယ်ယူထားတဲ့ သူ့ရဲ့လိပ်ခွံလေးကို မတော်တဆ လှန်လိုက်မိသလိုဖြစ်သွားပြီးမှ ရှောင်းကျန့်နည်းနည်းကြောက်လာတယ်၊ ဒါကြောင့် ဝမ်ရိပေါ်ဆီ ချက်ချင်းဖုန်းခေါ်တော့တယ်။

"ဝမ်ရိပေါ်..ဝမ်ရိပေါ်!!"

တစ်ဖက်က ဖုန်းကိုင်ကိုင်ချင်းမှာပဲ ဝမ်ရိပေါ်နာမည်ကို ရှောင်းကျန့်အသည်းအသန်ခေါ်လိုက်တယ်၊ ဝမ်ရိပေါ်က ဇဝေဇဝါဖြစ်သွားပုံရပြီး။

"ဘာဖြစ်လို့လဲ?"

ဝမ်ရိပေါ်စိတ်ထဲတော့ လွန်ခဲ့တဲ့၅နှစ်ကအချိန်တွေကို ပြန်ရောက်သွားသလိုပဲ၊ ရှောင်းကျန့်ကသူ့အိပ်ခန်းထဲမှာ ပိုးဟပ်တွေ့တိုင်း ဝမ်ရိပေါ်ဆီ ဒီလိုပုံစံနဲ့ခေါ်နေကြလေ။

"မသိတဲ့လူနဲ့ သွားတွေ့ရမှာမို့"

ရှောင်းကျန့်က စိတ်လှုပ်ရှားလာရင် အဓိကအချက်ကိုပဲ တန်းပြောတတ်တာမို့ ဝမ်ရိပေါ်မျက်မှောင်တွန့်သွားတယ်၊ ၁၀မိနစ်လောက်ထပ်နားထောင်တော့မှသာ ရှောင်းကျန့်ဘာပြောချင်မှန်း နားလည်သွားတာ။

"ဘယ်ကျောင်းကလဲ.. ဘယ်မှာအလုပ်လုပ်တာလဲ.. အသက်ကရော.. Omega လား Beta လား?"

"မသိဘူးလေ"

ရှောင်းကျန့်အမှန်တိုင်းပဲဖြေတယ်။

"သူနဲ့စကားတောင် သိပ်မပြောဖူးဘူး.. သူဘက်ကလဲ သင်္ချာပုစ္ဆာအကြောင်းပဲမေးတာ"

"ငါက.. ဒီလိုပဲပြောလိုက်တာ.. သူကဘာလို့သဘောတူလိုက်လဲမသိဘူး"

ရှောင်းကျန့်အသံက နောင်တရနေမှန်း သိပ်သိသာတယ်။

အမှန်တော့ ဝမ်ရိပေါ်တောင် ရှောင်းကျန့်အကြောင်းကို semester တစ်ခုကုန်ခါနီးတော့မှ သေချာသိခဲ့ရတာ၊ ရှောင်းကျန့်က အပြင်ပန်းအရ အေးတိအေးစက်လို့ထင်ရပေမဲ့၊ တကယ်တမ်းကျ လူတအားကြောက်တတ်တယ်၊ တတ်နိုင်သမျှ စကားမပြောပဲ နေလို့ရရင်နေချင်တဲ့သူမျိုး၊ မျက်နှာချင်းဆိုင်ထိုင်ပြီးစကားပြောတာမျိုးဆို ဝေးဝေးရှောင်တတ်တယ်။

Drowning Paper Aeroplane [溺水的纸飞机] Where stories live. Discover now