၁၇။ ကြောင်မွေးဖို့စီစဉ်မယ်။
ရှောင်းကျန့်မှာတွေ့ရတဲ့လက္ခဏာတွေကို ဝမ်ရိပေါ်က သေချာမှတ်ထားပြီး ဆိုင်လီယာကို ပြန်ပြောပြတယ်။
ဆိုင်လီယာကတော့ အံ့သြပုံမပြဘဲ သက်ပြင်းသဲ့သဲ့သာချလိုက်တယ်၊ သူ့ရဲ့စီနီယာပါမောက္ခနဲ့လဲ ပြန်ဆွေးနွေးကြည့်မယ်လို့ ပြောလာတယ်၊ ဝမ်ရိပေါ်ကိုတော့ ကိုယ့်စိတ်ကိုသေချာပြင်ဆင်ထားဖို့ သတိပေးလိုက်တယ်။
"ပထမဆုံးလုပ်ရမှာက ကိုယ့်ကျန်းမာရေးကိုယ် အရင်ဂရုစိုက်ပါ"
ဝမ်ရိပေါ်ရဲ့ အရင်ကဆေးမှတ်တမ်းတွေကိုပြန်ကြည့်ရင်း ဆိုင်လီယာ စိုးရိမ်စပြုလာတယ်၊ သူ့မှာဖြစ်ခဲ့ဖူးတဲ့ ရောဂါအတက်အကျတွေက အချစ်ဦးနဲ့ပတ်သက်တာကြောင့်ချည်းပဲ မဟုတ်လား။
"မဟုတ်ရင် မင်းလဲ သူနဲ့အတူပြိုလဲသွားလိမ့်မယ်.. မင်းအတွက်အဓိကပြသနာက သူဖြစ်ခဲ့တာ... မင်းအပေါ်သူ့ရဲ့လွှမ်းမိုးမှုက တအားကြီးလွန်းတယ်"
ဝမ်ရိပေါ်က ပင့်သက်ရှိုက်ရင်း ခပ်တွေတွေနဲ့ ပြောလာတယ်။
"လောလောဆယ်တော့ သူအဆင်ပြေနေပါသေးတယ်.. ချော့ပြောပြီးညှိနှိုင်းရင်ရလောက်တယ်"
"သူကလုပ်ရင်တော့ သေချာလေးလုပ်တတ်ပါတယ်.. ကုသမှုခံယူဖို့စိတ်ပါလာရင်တော့.. ကောင်းသွားမှာပါ"
"တို့တော့မထင်ဘူး"
ဆိုင်လီယာကတော့ အိပ်ချင်ယောင်ဆောင်နေတဲ့ဝမ်ရိပေါ်ကို ရေခဲရေနဲ့ပက်ပြီး နှိုးလိုက်တယ်။
"သူမလုပ်နိုင်လောက်ဘူး.. သူကတခြားရောဂါသည်တွေထက် ပိုပြီးကိုင်တွယ်ရခက်တယ်.."
"အရမ်းဉာဏ်ကောင်းလွန်းတော့ တို့ဆီ ခေါ်လာနိုင်ရင်တောင် သူမလိုချင်တဲ့ကုသမှုကို ရအောင်ရှောင်လိမ့်မယ်.. နောက်ပြီး မင်းပြောတာတွေအရတော့ သူ့ရဲ့ရောဂါလက္ခဏာတွေက တော်တော်လေးပြင်းထန်တယ်လို့ တို့ယူဆတယ်.."
"သူ့ကိုယ်သူထိန်းနိုင်နေသေးလို့သာ.. မဟုတ်ရင် full scale Autism ပဲ"
"ဒီလောက်ကြာနေပြီ..သူ့ရဲ့လက်ရှိတာဝန်ခံဆရာဝန်က ကုသမှုပထမအဆင့်ကိုတောင် ပြီးအောင်မလုပ်နိုင်သေးတာပဲကြည့်.. သူ့ကိုယ်သူ Asperger ဆိုတာကို လက်ခံလာအောင် တို့တွေကအရင်လုပ်ရမှာ.. ဒါကတော့ ရှောင်လွှဲလို့မရဘူး"
ВЫ ЧИТАЕТЕ
Drowning Paper Aeroplane [溺水的纸飞机]
Фанфик⚠️ Autism Spectrum Disorder, YiZhan, BJYX , Omegaverse, M - preg. - သင်ဟာ ရေနစ်သွားတဲ့စက္ကူလေယာဉ်လေးဖြစ်ခဲ့ရင် ဟိုးအဝေးကကောင်းကင်ပြာပြာကို မော့ကြည့်နေမိအုံးမလား... - I do not own this story. Authorized Translation. All rights reserved to the origi...