Joah (ဂျိုအာ) တိုင်းပြည်ဆိုတာ သာမန်လူ လာရောက်နိုင်စွမ်းမရှိသည့် တိုင်းပြည်တစ်ခု...။
မှော်ကျင့်စဥ်အမျိုးမျိုး တတ်ရောက်ပြီးသာလူများသာနေထိုင်လေ့ရှိကြပြီး ပညာပြိုင်မှုတွေရဲ့သက်ရောက်မှုကို မခံနိုင်သည့် သာမန်လူများနေထိုင်ရန်မသင့်တော်လှသည့် တိုင်းပြည်ဖြစ်သည်။
Joahရဲ့ ပင်မထူထောင်သူ မျိုးဆက်ရဲ့ တစ်ဦးတည်းသော ကလေး...။
ရေနတ်သမီးနှင့်မှော်ဆရာ ပေါင်းဖက်မှုရဲ့ အကျိုးကြောင့် စင်ကြယ်စွာ မွေးဖွားလာသည့် ကလေး...။
ကောင်းကင်နဲ့ရေပြင်ရဲ့တန်ခိုးကို ပိုင်ဆိုင်ထားပြီး လူသားအသွင်အပြင်ရှိသော်လည်း လူမဟုတ်သည့် ကလေး...။
ထိုကလေးရဲ့ ဘုန်းတန်ခိုးကြီးမားမှုကြောင့် မိဘနှစ်ပါးကိုစတေးခံမှသာ လောကအလည်ရှင်သန်နိုင်မည်။
ထိုကလေးကြောင့်ပဲ Joahတိုင်းပြည်ဟာ ကြီးကျယ်ခမ်းနားမှုများစွာနှင့် ဒဏ္ဍာရီလာတစ်ခုအဖြစ်ကျန်ရစ်ခဲ့သည်။
''ဆရာ...အဲ့ဒိီသူရဲ့နာမည်ကို ကျွန်တော် သိချင်ပါတယ်''
စာတမ်းအတွက် စုဝေးပွဲအခန်းအတွင်း ဆရာရဲ့ရှင်းပြမှုတွေအဆုံး ထွက်ပေါ်လာသည့် အသံကြောင့် တစ်ခန်းလုံးရှိလူများဟာ ထိုလူ့ထံ အကြည့်ရောက်လာကြသည်။
များစွာသောခုံများမှာ နှစ်ယောက်စ သုံးယောက်စထိုင်နေကြသူများကြား ထိုလူဟာတော့ တစ်ယောက်ထဲ သီးသန့်ထိုင်နေသည်။
နဖူးအနည်းငယ်သာ လှန်ဖီးထားသည်မို့ ဘေးတစ်ဖက်တချက်စီကျနေသည့် ဆံစနက်နက်တို့ဟာ ထိုလူ့နဖူးပြင်နှင့်လိုက်ဖက်လွန်းလှပြီး မျက်ခုံးတစ်ဖက်မှာတော့ ငွေရောင်အလှဆင်ပစ္စည်းကနေရာယူထားသည်။
နှာတံပေါ်သည့်ထိုလူ့မျက်နှာမှာ အထင်ရှားဆုံးက နှုတ်ခမ်းရဲရဲအောက်က မှဲ့နက်ကလေးပင်ဖြစ်သည်။
လူအများရဲ့အကြည့်တွေအား ဂရုမစိုက်အားပဲ သိလိုစိတ်များသည့် မျက်ဝန်းတောက်တောက်တွေနဲ့သာ စင်ပေါ်ကဆရာကိုပဲ အာရုံစိုက်ထားသည်။
YOU ARE READING
The Magician : Kim
Fanfictionကျိန်စာစကားဟာနှစ်ထောင်ချီတိုင်ပြန့်ပွားခဲ့ပြီးနောက် ပြန်လည်အသက်ဝင်ချိန်မှာ ထပ်တူညီသော ဖြစ်ရပ်တို့သာ ကြုံတွေ့ရစေမည်...။ Timetravelling! Started date :January 11,2023.