Story (8)

476 46 18
                                    

Unicode

သစ်ပင်ပန်းမန်များပြည့်နက်နေသည့် သဘာဝမဆန်လွန်းစွာလှပလွန်းသော တောအုပ်ကလေးတွင် taehyungက jungkookရင်ခွင်ထဲ တိုးဝှေ့ကာ အလှအပတရားကို ငေးကြည့်နေသည်။

''Ria...အချစ် မင်းကသိပ်လှတယ်''

ပါးပြင်ကိုပွတ်ဆွဲရင်း ပြောလာသည့်ချစ်ရသူကို ခပ်ပြုံးပြုံးလေးကြည့်ကာ ခေါင်းခါမိသည်။

''ဒါကိုပဲအမြဲပြောနေတော့မှာလား''

''ကိုယ့်အချစ်ကသိပ်လှလွန်းလို့မပြောရမနေနိုင်တဲ့ထိအောင်ပဲလေ''

''Jeon...မင်းဟာအပိုသိပ်ပြောတာပဲ''

''အချစ်ရဲ့အလှတွေသီတန်းပြီးပြောရင်တောင် တစ်နေ့ထဲပြောမကုန်ဘူးဆိုတာသိရဲ့လား''

နဖူးကလေးကိုအသာနမ်းပြီး ပြောလာစည့်ချစ်ရသူကို ကြည်နူးမှုအပြည့်ဖြင့်စိုက်ကြည့်ရင်းမှ

''ကဲ...အရှုံးပေးလိုက်ပြီ''

''ချစ်တယ် ကိုယ့်အချစ်''

''ချစ်တယ် Jeon...''

ကြင်နာစွာ နမ်းရှိုက်သွားသည့် ချစ်သူနှစ်ဦးဟာ တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ထားသည်မှာလည်း နက်နက်ရှိုင်းရှိုင်း...။

သစ်တောအုပ်လေးထဲက ကျွန်တော်ဆိုပေမယ့်ကျွန်တော်မဟုတ်သည့် လူအပေါ် Kim Taehyung ဟာနူးနူးညံ့ညံ့ကိုပြုံးပြဆက်ဆံသည်။

ပြီးနောက် ပင်လယ်ရေလည်ခေါင်တည့်တည့်မှာမှိုင်ထွေထွေဖြစ်နေသည့် Kim Taehyung...။

မျက်ရည်စဖြစ်သည့် ကျောက်ပြာလေးတွေရေပေါ်ကျဆင်းနေခဲ့ပြီး ကောင်းကင်တစ်ခုလုံးမှောင်မှိုင်းနေခဲ့တယ် ။

အထီးကျန်ဖွယ်အရိပ်ကလေးကြောင့် သိသိသာသာခံစားမိသည်မှာ ဝဲဘတ်ရင်ထဲမှ စူးစူးနစ်နစ်နာကျင်မှု...။

''Kim Taehyung!''

ချွေးစေးများကျကာ ရင်ဘတ်ကိုဖိရင်း အမည်တခုကိုဟစ်အော်ရင်း နိုးထလာသည့် jungkook...။

အိပ်မက်ဖြစ်နေခဲ့တာ...။

''မင်းအိပ်မက်မက်နေတာလား''

ကြည်သာနေသည့် taehyung မှာ ကျွန်တော့်ကိုခပ်ပြုံးပြုံးလေးသာ ပြုံးရင်းမေးပါ၏

The Magician : KimWhere stories live. Discover now