Story (7)

308 27 16
                                    

Unicode

''ချစ်ခဲ့တယ်...။ရူးရူးမိုက်မိုက်ပဲ။''

ထိုစကားဟာ နှလုံးသားတည့်တည့်ကို မြှားအစင်းတစ်ရာ စူးဝင်သည့်အထိနာကျင်စေတာ ဘာကြောင့်လဲ။

ကျွန်တော့်ဟာ အခုဘယ်သူလဲ။ ကျွန်တော့်နှလုံးသားဟာ ဘာကြောင့်နာကျင်နေရတာလဲ။

မေးခွန်းများစွာခေါင်းထဲပြည့်နှက်နေပြီး ထပ်ထပ်ခါခါကြာယောင်းနေသည့် ထိုစကား...။

အဖြေကိုမရမကမေးခဲ့ပြီး ဒီလိုဖြစ်ရတာဘာကြောင့်လဲ။ ကျွန်တော်မနာလိုနေတာ မဟုတ်သည်ကိုတော့ ကိုယ့်ကိုကိုယ် သိပါ၏

ကျွန်တော် တဆွေးဆွေးတမြေ့မြေ့ငိုဖို့လောက်အောင်ထိကို တွန်းအားပေးနေသည့် ကြေကွဲနေသည့်ခံစားချက်ဟာ ဘယ်ကလာသလဲ။

ကျွန်တော့်ဟာ သူ့ရဲ့ဆွေးမြေ့မြေ့အသံကြားရရုံနဲ့တောင် သေမလောက်ဝေဒနါကို ခံစားရနေပါကောလား။

အတွေးနဲ့အတူ ယိုင်နဲသွားသည့်ခန္ဓာကိုယ်။

''J...ရရဲ့လား'' ''သခင်လေး...''

Lily အသံ soobinအသံကြားနေရလည်း မဖြေနိုင် ကျွန်တော့်မှာ အာစေးမိသလို အကြောင်သား။

''အသေးလေး ငါတို့ကိုလမ်းပြ။ သူ့ကိုသာပြန်မပို့ရင် Kim hyung ဒေါသထွက်မလားပဲ။ မိုးပြိုမှာကိုမကြောက်ဘူး kim hyungဒေါသထွက်မှာကိုသာ ကြောက်တာ။''

yeonjun က lily ကိုထိုသို့ပြောရင်း မျက်နှာကလည်း ထူံးစံအတိုင်းခပ်ရွဲ့ရွဲ့လေးလုပ်နေသည်။

lilyကလည်း ကလေးသာသာကောင်လေး၏ အသေးလေးဟုသည့်အခေါ်အဝေါ်အပေါ် အငေါ်တူးချင်နေပေမယ့် တစ်စုံတစ်ယောက်၏ ဒေါသကိုပိုကြောက်ရသည်မို့ ကိုယ်လုံးလေးတွန့်ကွေးရင်း

''ငါလည်းကြောက်တယ် ''

''yeonjun တစ်ဖက်ကူပေးပါလား''
အပြိုင်ကြောက်ပြနေသူတို့နှင့်ကွဲလွဲစွာ soobin ကတော့ jungkookကို မနိုင်မနင်းသယ်နေရင်း yeonjunကို အကူအညီတောင်းလိုက်သည်။

Lilyကတော့ လူသားလေးသုံးယောက်ကို အထိအခိုက်နည်းစေရန် သူ့ခါးကြားမှဘူးလေးကို yeonjun ကိုကမ်းပေးလိုက်သည်။

The Magician : KimWhere stories live. Discover now