Story(2)

463 48 7
                                    

Unicode

လေးလံလှသည့် မျက်လုံးကို တွန်းလှန်ကာ ဖွင့်မိသည့်အခါ ခမ်းခမ်းနားနား အသုံးအဆောင်ပစ္စည်းများကို ဘေးပတ်ပတ်လည်မှာ တွေ့လိုက်ရသည်။

''ငါဘယ်ရောက်နေတာလဲ''

ခုနကအထိ ဖေဖေ့စာဖတ်အခန်းမှာပဲ ရှိနေခဲ့သည့်သူက တစ်ခါမှမမြင်ဖူးသည့် အိပ်ခန်းအတွင်းလှဲလျောင်းနေရသည်။

Joah ကိုများ ရောက်လာတာလား ။မဖြစ်နိုင်လောက်ပါဘူး။

''သခင်လေး!!...''

အခန်းဝမှ ဝမ်းသာအားရ ဝင်လာသည့် ယောက်ျားလေးတစ်ဦး။ သူ့အဝတ်အစားတွေက ဘာကြောင့် ခပ်နွမ်းနွမ်းဖြစ်နေရတာလဲ။

''ဒေါ်လေးယွန်း သခင်လေးနိုးလာပြီ''

''ဒီမှာကောင်လေး ငါဘယ်ရောက်နေတာလဲ''

''ဟင်...သခင်လေး ကျွန်တော့်ကိုမမှတ်မိတော့ဘူးလား ။soobinလေ ။''

အသားဖြူဖြူမျက်လုံးဝိုင်းဝိုင်းနှင့် ထိုကောင်လေးက ကျွန်တော် သူ့ကိုမမှတ်မိသည်ကြောင့် ဝမ်းနည်းသွားပုံရသည်။

အလောတကြီးပြေးဝင်လာသည့် နောက်ထပ် အသက်လတ်ပိုင်း အမျိုးသမီးတစ်ဦးကလည်း ခုနကောင်လေးလိုပဲ အလောတကြီးပင်။

''Jungkookလေး သတိရပြီပဲ ။မင်းဦးလေးသာသိရင် ဝမ်းသာနေတော့မှာ။''

jungkook နာမည်ကတော့ပြောင်းမနေဘူး ။ဒါကရောဘာသဘောပါလိမ့်။

''ကျွန်တော့်နာမည်က Jeon Jungkookလား''

''ဒါပေါ့ ကလေးရဲ့ ။ဟင်... ဒေါ်လေးကိုမမှတ်မိတော့တာလား''

''ဟုတ်တယ် ဒေါ်လေးယွန်း သခင်လေးကကျွန်တော့်ကိုလည်း မမှတ်မိဘူး''

နှစ်ယောက်လုံး ကျွန်တော့်ကိုကြည့်လိုက် သူတို့နှစ်ယောက်သား ပြန်ကြည့်လိုက်ဖြင့် ငိုမဲ့မဲ့ ဖြစ်နေကြသည်။

''အမလေး ခက်ရချည်ရဲ့။
soobinie မြန်မြန် သမားတော်ပင့်ခဲ့ ။''

ဒေါ်လေးယွန်းဆိုသူက ငိုကြီးချက်မဖြင့် ပြောလာတော့ soobinဆိုသည့် ကောင်လေးကလည်း ဘယ်ချိန်ထဲက ကျနေမှန်းမသိသည့် မျက်ရည်တွေသုတ်ကာ အခန်းပြင်ပြေးထွက်သွားပြန်သည်။

The Magician : KimWhere stories live. Discover now