Story (4)

358 45 10
                                    

Unicode

Yeonjun အိမ်ကနေ ရထားလုံးဖြင့် အချိန်အတော်ကြာ သွားပြီနောက် တစ်ခုထဲသောအဆောက်အဦတစ်ခုမှလွဲ၍ ဘာမျှမရှိသည့် ပြောရရင် ဘာအပင်မှမရှိသည့် ဟင်းလင်းပြင်သာ ထိုအဆောက်အဦနားမှာရှိသည်။

အဆောက်အဦကို သံဗန်းများဖြင့် ကာရံထားပြီး ရထားလုံးရောက်လာသည်နှင့် ထိုသံဗန်းတံခါးများ အလိုလိုပွင့်ဟလာကာ ခြံအတွင်းသို့ရောက်သည်။

အဆောက်အဦနဲ့ တံခါးကြားမှာ လူနှစ်ရပ်စာလောက် ကျယ်ဝန်းသည့် ရေကူးကန်ပုံစံ ရေပြာပြာတွေနှင့် ချောင်းတစ်ခုက ခြားထားသည်။

''Kim hyung...ကျွန်တော်တို့ရောက်ပြီ''

yeonjun အသံကြားသည်နှင့် ထိုချောင်းငယ်၏ဟိုဘက်အစပ် ဒီဘက်အစပ်တို့မှာ တုန်ခါလာသည်။ ထူးဆန်းသည်က ထိုတုန်ခါမှုက ငလျင်နှင့်တူသော်လည်း ကျွန်တော်တို့ဘက်မှာတော့ ပကတိငြိမ်သက်နေသည်။

တုန်ခါခြင်းနှင့်အတူ ချောင်းငယ်မှာ တဖြည်းဖြည်းကျဥ်းမြောင်းသွားပြီး ​မြေသားအတိဖြစ်သွားတော့သည်။

ချောင်းကနေ မျက်စိရှေ့တင် ကြမ်းပြင်ဖြစ်သွားသည်ကို ကြုံတွေ့ရလိုက်သည်မို့ jungkookရော soobin ရော ပါးစပ်အဟောင်းသား....။

''သွားရအောင်''

yeonjun ကတော့ ​ရှေ့မှဦးဆောင်ဝင်သွားပြီး jungkook လည်း အနောက်မှခပ်ဖြေးဖြေးလိုက်ခဲ့တော့သည်။

soobin ကတော့ ​မြေကြီးကိုမရဲတရဲနင်းကာ တွန့်ဆုတ် တွန့်ဆုတ် လိုက်လာသည်။

ပြာလွင်လွင် အဆောက်အဥိီက အရပ်ထဲက အဆောက်အဦတွေနဲ့ကွဲလွဲနေပြီး မျက်စိအေးလှသည်။

တံခါးမကြီး ပွင့်အာသွားသည်နှင့် ဦးဆုံးတွေ့ရသည်မှာ ခွေးလေးတစ်ကောင်ဖြစ်သည်။

''Tan...''

သြရှရှအသံနှင့်အတူ ရောက်လာသည့် သူကကနုတ်ပန်းဖော်ထားသည့် ဝတ်ရုံအနက်ကို ဝတ်ဆင်ထားပြီး ခွေးလေးကို သူလက်ပေါ်တင်သည်။

''ရောက်လာကြပြီပဲ ''

သူကကိုယ်တွေဘက်ကို လှည့်ကြည့်မလာသော်လည်း jungkook နဲ့ soobin မှာ ခါးကျိုးမတက်အရိုအသေပေးလိုက်ကြသည်။

The Magician : KimWhere stories live. Discover now