Story (3)

402 47 15
                                    

Unicode

ဒီနေ့မှ ဒီနေရာကို ရောက်ခဲ့သည်မို့ ရွာကဤမျှလောက်ကျယ်ဝန်းမည်ဟု jungkook မထင်မိ ။

အိမ်မှထွက်ပြီး ၅မိနစ်ခန့်လျှောက်ပြီးနောက် တွေ့ရသည့် စျေးတန်းများနှင့် လူအုပ်ကြီးကိုကြည့်ပြီး ဆိုးလ်မှာတုန်းက ညစျေးလျှောက်ခဲ့သည့် အချိန်တွေကို သတိရမိသွားသည်။

စျေးတန်များစွာကို ဟိုကြည့်ဒီကြည့်ဖြင့် ပြုံးပျော်နေသည့် soobinကိုကြည့်ရင်း သူကိုယ်တိုင်လည်း လိုက်ပြုံးမိသည်။

''မင်းဒါစားချင်လို့လား''

ဆန်မုန့်ကိုနှမ်းကပ်၍ကြော်ထားသည့် သရေစာဆိုင်ရှေ့ လှည့်ကြည့်လှည့်ကြည့်လုပ်နေသည်မို့ မေးသည့်အခါ မျက်လုံးဝိုင်းဝိုင်းတွေက အရောင်လက်ခနဲ ။

နှစ်ယောက်အတူ ဟိုဟိုဒီဒီဝယ်စားကြပြီး မြစ်ရှိရာဘက် ​လျှောက်ခဲ့ကြသည်။

မီးပုံးလွှတ်မည့်အချိန်ရောက်သည်နှင့် မီးပုံးတွေဘက်သာ အာရုံရနေသည့် soobinကို ထားခဲ့ပြီး တောအုပ်ထဲကို ဝင်ခဲ့လိုက်သည်။

ဒီခရီးက အန္တာရယ်များလွန်းတာမို့ ဘာမှမဆိုင်သည့် ထိုကလေးကိုသူဆွဲမသွင်းချင်ပေ။

သိပ်မကြီးလှသည့်တောအုပ်မို့ အခက်အခဲမရှိ ဖြတ်လျှောက်နိုင်ခဲ့သည်။

တောအုပ်အပြင်ရောက်သည်နှင့် ကြီးမားသည့် တံတိုင်းကြီးကို မော့ကြည့်မိသည့်အခါ လည်တညောင်းပင်အမြင့်ရှိသည်။

''တော်တော်မြင့်တာပဲ''

ဘေးလွယ်အိတ်ကြိုးကို ခပ်တင်းတင်းဆုပ်ကိုင်ရင်း အနားကို သွားလိုက်သည်။

ထိကြည့်သော်လည်း မရွေ့သည်မို့။ နံရံကဘယ်လိုဖွင့်ရသည်ကို စဥ်းစားခန်းထက်ဝင်ရတော့သည်။

ပြေးတိုက်ကြည့်သော်လည်း ကိုယ်ခန္ဓာနာကျင်မှုကလွဲ တုတ်တုတ်ပင်မလှုပ်လာသည်မို့ နံရံတံတိုင်းကြီးကို ကျောပေးကာ မှီထားမိတော့သည်။

ကောင်းကင်ကို မော့ကြည့်မိတော့ တိမ်တိုက်တွေဖုံးလွှမ်းနေသည်မို့ လ၏အရိပ်အယောင်ကိုပင် မမြင်ရ။

The Magician : KimWhere stories live. Discover now