Story (6)

351 34 23
                                    

Unicode

စောင့်ရှောက်သူ ရှင်းပြသလောက်အထိတောင် နားလည်နိုင်ဖို့ခဲရင်းနေသည်မို့ ကျွန်တော်ငြိမ်သက်သွားမိသည်။

​မှော်နက်ကျင့်ကြံသူ...ဒါတွေကရောဘာလဲ။ ကျွန်တော်ဒီကိုလာမိတာ မှားပြီလား။

''ငိုင်မနေနဲ့ ''

စိတ်ပျက်လက်ပျက်ဖြစ်နေသည့် ကျွန်တော့်အနား Lily ရောက်လာသည်။ ပဟေဋ္ဌိတစ်ခုတောင်ရှင်းမပြီးသေးဘူး နောက်ထပ်မရှုပ်မရှင်းတွေမသိရဖို့ လက်ကိုအရင်ကာပြကာ

''Lily...ငါ့ဦးနှောက်တွေအခုထိပူထူနေတုန်း။အတွေးအသစ်တွေပေးဖို့ဆို ပေါ်မလာနဲ့''

စောင့်ရှောက်သူ Lilyက Jungkookကိုကြည့်ကာ ပြုံးရင်း

''J...''

''အဲ့လိုပဲခေါ်ခဲ့တာလား အရင်ထဲက''

''အရင်က မင်းကအဲ့လိုခေါ်ရင်မကြိုက်ဘူး။ အရင်က Jက မင်းလိုအူတူတူလည်းမဟုတ်ဘူး။ အေးစက်ပြီးပြတ်သားတယ်''

''ငါသိချင်နေတာက Kim Taehyung ရဲ့အသက်''

''အင်း...မှန်းကြည့်မိသလောက်ဆို နှစ်၁၀၀၀ ကျော်လောက်မလားပဲ''

''ဟမ်''

''ဘာလို့လဲ Joahက တည်ထောင်ခဲ့တာ အခုဆို နှစ်၁၀၀၀ ကျော်ခဲ့ပြီလေ ။ ပြီးတော့အရှင်Kim Hwang က အသက်၃၅လောက်မှာဆုံးပါးခဲ့တာ။အဲ့အချိန်မှာ Riaကရှင်သန်ခဲ့တာ။ နောက်ပြီး ဒီJoahမှာရှိသမျှ လူတွေရဲ့သက်တမ်းက ရာကျော်ထောင်ကျော်တွေကြီးပဲ ။ မှော်ပညာရှင်ပဲလို့ မင်းမထင်လိုက်နဲ့ ။ သူတို့ကလူ့အသက်ကိုအလွယ်လေးဆော့ကစားနိုင်တဲ့အထိစွမ်းပကားကြီးမားတဲ့ ပညာရှင်တွေပဲ''

ထိုစကားကြောင့် ရောက်ကာစက နံရံကျိုးမတတ်ဖြစ်ခဲ့ရသည်ကိုအမှတ်ရသွားသည်မို့ မျက်နှာလေးမဲ့လိုက်ကာ

''ရောက်ခါစက အုတ်နံရံနဲ့ပြေးဆောင့်ခံထားရတာမို့ ဘယ်လောက်ထိစွမ်းကြသလဲတော့သိပါတယ်''

''အခုသိချင်တာက ငါက kim taehyung နဲ့ တွေ့ဆုံရတဲ့ ဘယ်နယောက်မြောက် Jeon Jungkookလဲ''

''၃ယောက်မြောက်''

ထိုအဖြေအပေါ်တော့ စိတ်တိုင်းကျမှုမရှိ။ ကျွန်တော့်စိတ်ထဲဘာဖြစ်သွားမှန်းတောင် မသိတော့။ ဝဲဘက်ရင်အုံကလဲ အနည်းငယ်ထူးဆန်းစွာလှုပ်ရှားသွားသလို ခံစားရ၏ ။

The Magician : KimWhere stories live. Discover now