ရာသီဥတုကနေမသာပါပဲအုံ့မှိုင်းနေသည်မှာ မကြာမီပင်ပြိုကျလာတော့မည့်သယောင်။ကောင်းကင်ကြီးမကြည်လင်နေသလို ဆောင်ဟွန်းလဲစိတ်မကြည်လင်နေပါ။တစ်ဆယ့်လေးထပ်တိတိရှိသော အိမ်ယာအကောင်းစားကြီး၏ခေါင်းမိုးထပ်သို့ ရှုပ်ထွေးနေသောခေါင်းကိုထိုးဖွလျက် ခြေလှမ်းများလေးပင်ကာတက်လာလိုက်သည်။သည်နေရာကဆောင်ဟွန်းရဲ့ လျှို့ဝှက်နေရာ,စိတ်အတွင်းကြီးစိုးနေတဲ့ ဆိုးဆိုးရွားရွားခံစားချက်များကို ဘယ်သူ့မှဂရုမစိုက်ပဲလွှတ်ထုတ်နေကြနေရာ။ရှင်းရှင်းပြောရရင် ဆောင်ဟွန်းရဲ့ကိုယ်ပိုင်နေရာ။
လူ့သူဌေးအများစုနေကြသည်းအိမ်ယာဖြစ်သည့်အလျောက် တိုက်အတွင်းမှလူများခေါင်မိုးထပ်ကိုတက်လာပီး အချိန်ကုန်ဆုံးလေ့ရှိသလား လာစူးစမ်းလေ့ရှိသလားကိုဆောင်ဟွန်းမသိလဲမသိသလိုစိတ်လဲမဝင်စားပါ။သူကတော့ နေလာသည့် ၆လအတွင်းခေါင်းမိုးထပ်ပေါ် ၌လူတစ်ဦးတစ်ယောက်နှင့်မျှ မဆုံဖူးခဲ့ပါလေ။ဒါကြောင့်လဲ ခေါင်မိုးထပ်ကသူတစ်ယောက်ထဲမူပိုင်နေရာငယ်လေးလိုဖြစ်နေခဲ့သည်ပင်။
"ဖြစ်ပြန်ပီဒီဓာတ်ပြားဟောင်းကြီးပဲ။နားပူဒဏ်မခံနိုင်လို့ အဖိုးတိုက်ခန်းမှာလာနေနေတာတောင် နေ့တိုင်းဖုန်းဆက်ပီးငါ့ကိုနားဒုက္ခပေးနေကြတုန်းပဲ။သူတို့မှာကိုယ်ပိုင်ဘဝမရှိကြတော့ဘူးလား"
စိတ်ထဲပေါက်ကွဲလာသမျှ ဖုန်းတစ်ဖက်ကသူငယ်ချင်းjakeကိုပြောပြမိသည်။သူ့မှာရင်ဖွင့်စရာဆိုလို့ ဒီသူငယ်ချင်းတစ်ယောက်သာရှိတောာ့လဲ အခေါက်တိုင်းအားနာရပေမယ့် ထိန်းချုပ်ထားဖို့လဲမဖြစ်နိုင်။
"မင်းပြောသလိုသာဆို နှောင့်ယှက်မှုဖြစ်နေပီ။ဒီကိစ္စကိုအမှုဖွင့်ချင်လား?"
သေချာပေါက် jakeတယောက်နောက်နေတာမဟုတ်မှန်း နှစ်ယောက်လုံးသိပါသည်။သို့သော်လဲ မိသားစုအတွင်းကိစ္စမို့ အမှုဖွင့်ရတဲ့ထိတော့ သူကိစ္စများကိုအကျယ်ကျယ်ကြီးမလာစေချင်ပါ။
"တော်ပါပီ အရင်ကလဲလျစ်လျူရှုနေလာတာပဲ။ဒီနေ့ကငါလဲစိတ်အခြေအနေမကောင်းတာနဲ့ ပြဿနာဖြစ်...Oh sh*t လန့်လိုက်တာ"