ဂျုံဆောင်းက ဆောင်ဟွန်းအနားမှာသာ အခြေအမြစ်မရှိတဲ့စကားတွေပြောမယ် စိတ်တိုအောင်လုပ်မယ်ဆိုပေမယ့် အမှန်ဆိုရင်တကယ်ထူးချွန်တဲ့လူတစ်ယောက်။သူတို့group Dထဲကလူအကုန်ဂျုံဆောင်းကိုသိကြသည်။တချို့တချို့သောမိန်းကလေးတွေဆိုရင် ဂျုံဆောင်းရဲ့အမာခံfanတွေ။အခုလဲကျွက်စိကျွက်စိနဲ့ဂျုံဆောင်းနားတဝဲလည်လည်။
"ဆရာ ဟိုလေ..."
အသံကြားတော့ ဆောင်ဟွန်းထရယ်မိတာ ခွီးခနဲ။သူကအပေါ်ထပ်က အသီးသီးdisplayပြထားတဲ့ ဒီဇိုင်းတွေကြည့်နေတာဖြစ်ပီး ဂျုံဆောင်းက သူနဲ့အနည်းငယ်အကွာ လက်ရန်းပေါ်မှာမှီနေတာဖြစ်လို့ စကားသံတွေက အထိန်းအကွပ်မရှိကြားနေရသည်။ဆရာတဲ့ အခေါ်အဝေါ်ကလဲဘာကြီးတုန်း?
သူရယ်နေတာက ဂျိတ်ကမြင်တော့ သိချင်လို့ထင် အနားတိုးကပ်လို့မေးလာသည်။ဆောင်ဟွန်းပြောပြချင်ပေမယ့် ကိုယ့်အာရုံနဲ့ကိုယ်ရယ်သံအကျယ်ကြီးမထွက်မိအောင်ထိန်းနေရတာမို့ ပြောမပြနိုင်။ထိုအစား မျက်ရည်တွေပါစို့လာတော့သည်။
ဂျုံဆောင်းနားကကောင်မလေးအုပ်စုကတော့ ဂျုံဆောင်းကလွဲဘာမှဂရုစိုက်မည့်ပုံမပေါ်။
"ဆရာ ဟိုလေ...ဆောလ်တို့က ဒီအပတ်ထဲအခုtourနဲ့ပတ်သတ်ပီး စာတမ်းရေးရမှာဆိုတော့ အကြံညဏ်လေးတချို့လောက်ပေးလို့ရမလား" မင်ဆောလ်လို့ခေါ်တဲ့ကောင်မလေးက မေးသည်။
"အာ...စာတမ်းကျ ကျောင်းသားတို့နဲ့ဆိုင်တဲ့ကိစ္စဆိုတော့ ကျနော်လဲမပြောတတ်ဘူး။အားနာပါတယ် ကျနော်ပေးနိုင်တဲ့အကြံညဏ်ဆိုပေးမှာပါ။နောက်ပီး ကျနော်ကကျောင်းသားတို့tourအတွက်ကူညီပေးတဲ့သူသက်သက်ဖြစ်လို့ ဆရာလို့တလေးတစားမခေါ်လဲဖြစ်ပါတယ်"
အင်းလေ။စာတမ်းကိစ္စကို ဂျုံဆောင်းကဘယ်လိုလုပ်ကူညီပေးနိုင်မှာလဲ။အလကားကြီးကိုစကားပြောချင်လို့ဂွင်ဖန်နေကြတာ။
"ဒါဆို ဒီဇိုင်နာကြီး။ဒီဇိုင်နာကြီးလိုအောင်မြင်တဲ့ ဒီဇိုင်နာဖြစ်ဖို့ အကြံညဏ်လေးများရှိလားဟင်"
ဒီဇိုင်နာကြီးဆိုတဲ့ခေါ်သံကြားတော့ ဆောင်ဟွန်းဆီက ရယ်သံကထပ်ပီးခွိခနဲ။