ချစ်ခြင်းမေတ္တာတွေလက်ခံရရှိခြင်းထက် တစ်စုံတစ်ယောက်ကိုချစ်မြတ်နိုးရတာ နှလုံးသားတစ်စုံကိုပျော်ရွှင်ကြည်နူးစေတဲ့အခါ ဆောင်ဟွန်းက ဆံနွယ်ဖျော့ဖျော့မျက်လုံးညိုဝိုင်းဝိုင်းနဲ့လူတစ်ယောက်ကို နှစ်ပေါင်းရာချီတိုင်အောင် ပျက်ကွက်ခြင်းမရှိ တန်ဖိုးထားလို့ အချစ်တွေအများကြီးပေးချင်တော့တာပဲ။
ရင်ခွင်ထဲမှာရှိနေတဲ့ ကိုယ်လုံးငယ်ကခပ်နွေးနွေး။ဆောင်ဟွန်းတနေ့လုံးလွမ်းနေသမျှ အတိုးချလို့ ဂျုံဆောင်းကိုဖက်ထားသည်မှာလွှတ်ပေးဖို့စိတ်ကူးရှိပုံမရ။
"ကျနော်တနေကုန် ခင်ဗျားအကြောင်းတွေးနေတာ"
ဖက်ထားရင်း ဟိုဘက်ဒီဘက်အနည်းငယ်ရမ်းလို့ ချွဲသည့်ဟန်ဖြင့်ဆိုလိုက်တော့ ဂျုံဆောင်းရဲ့ရယ်သံတိုးတိုးကိုကြားရတယ်။
"ကိုယ်တို့ မနေ့ကမှတွေ့ထားသေးတာကို"
"တွေ့ထားတော့ရောမလွမ်းရတော့ဘူးလား။တနေကုန်ကြီးတောင်ရှိပီလေ"
နေလာတဲ့အသက်၂၀လုံးရည်းစားမထားခဲ့ပဲ အသက်၂၁မှရည်းစားရလို့ထင် ဆောင်ဟွန်းကကဲကဲသဲသဲ။အပြင်လူတစ်ယောက်ယောက်သာရှိနေရင် ပိုလှချည်ရဲ့ဆိုပီး မြင်ပြင်းကတ်ကြမှာကျိန်းသေ။တော်သေးတာပေါ့ ဘယ်သူမှမရှိလို့။
"boss ကျနော်တို့အရင်ပြန်နှင့်မယ်နော်"
ရယ်သံအနည်းငယ်စွက်နေတဲ့ မရင်းနှီးတဲ့အသံတခုရုတ်တရက်ကြားလိုက်ရတော့ ဆောင်ဟွန်းကကျောရိုးတွေထိပါတောင့်သွားရတယ်။သူဂျုံဆောင်းအလုပ်ခန်းထဲရောက်ကတည်းက ဂျုံဆောင်းကလွဲပီးဘာမှစိတ်မရောက်ဘူးဖြစ်နေတာ။လူတွေရှိနေသေးတာလား။
"ကိုယ့်ဝန်ထမ်းတွေ"
ဂျုံဆောင်းက သူ့ရင်ခွင်ထဲကထွက်လို့ ဝန်ထမ်းတွေကို နှုတ်ဆက်တယ်။ဆောင်ဟွန်းကတော့ရှက်စိတ်ကြောင့်ပူထူပီး ဘာလုပ်လို့လုပ်ရမှန်းတောင်မသိတော့ဘူး။ဝန်ထမ်း၃ယောက်ရှေ့မှာ သူ့တို့bossကို ပလီပလာတီတီတာတာတွေပြောနေတာ။ရှက်လိုက်တာကွာ အငွေ့ပျံပီးပျောက်သာသွားချင်တော့တယ်။
"ခင်ဗျားဗျာ ဝန်ထမ်းတွေရှိနေတာကျနော့်ကိုလဲမပြောဘူး"
မျက်စိအောက်ကနေ ခုနကလူ၃ယောက်ပျောက်သွားမှဆောင်ဟွန်းက ပြောတော့ ဂျုံဆောင်းကခေါင်းများလန်သွားတဲ့ထိရယ်သည်။