50%

782 90 13
                                    


ဆောင်ဟွန်းငယ်ငယ်က ဝက်ဝံရုပ်ကလေးတွေကြိုက်တယ်။မူလတန်းအရွယ်ရောက်တော့ ဂျယ်လီတုံးလေးတွေခိုးစားရတာကိုကြိုက်တယ်။အလယ်တန်းအရွယ်လောက်ကျတော့ ဆောင်ဟွန်းမေမေမသိအောင် တိတ်တိတ်ကလေး စက်ဘီးခိုးစီးရတာကိုကြိုက်တယ်။အထက်တန်းအရွယ်ကျ ကောင်းကင်ပြာပြာကိုတမေ့တမောငေးမောနေရတာကိုကြိုက်တယ်။အခုအသက်၂၀အရွယ်ဆောင်ဟွန်းကတော့ ကြယ်ကလေးတွေအပြည့်ရှိနေပီး ဂလက်ဆီဝိုင်းဝိုင်းလေးတွေနဲ့တူတဲ့ ဂျုံဆောင်းရဲ့တလက်လက်မျက်ဝန်းညိုညိုတစ်စုံကိုငေးကြည့်ရတာ သဘောကျပါသတဲ့။

"ခုံက တစ်ခုံပဲရှိတာဆိုတော့ ကျနော်ဝရန်တာထုတ်ထားတဲ့ခုံတစ်လုံး သယ်လာခဲ့တယ်"

ဂျုံဆောင်းကြောင့်အစိုးမရဖြစ်နေတဲ့ စိတ်အစုံကိုတည်ငြိမ်အောင်အချိန်ခနလောက်ယူအပီးမှာ ဆောင်ဟွန်းကခြောက်သွားပီဖြစ်တဲ့ ခေါင်းကဆံပင်တွေကိုခပ်ကြမ်းကြမ်းဖွလိုက်ပီး ရေစိုနေတဲ့တဘက်ကို လှန်းဖို့ဝရန်တာဘက်ထွက်လာလိုက်တယ်။တစ်လက်စတည်း counter ရှေ့မှာ ခုံတလုံးထဲရှိတာသတိရပီး ပုံမှန်အမြင်ရှုပ်လို့ ဝရန်တာဘက်ထုတ်ထားလေ့ရှိတဲ့ ခုံအမြင့်တစ်ခုံကိုပါ သယ်လာလိုက်တယ်။

"အတော်ပဲ ကိုယ်လဲချက်ပီးတော့မှာ။ခနထိုင်စောင့်လေ"

"အင်း"

ဆောင်ဟွန်းက ခုံပေါ်ထိုင်စောင့်နေတုန်း ပန်းကန်ပြင်နေတဲ့ဂျုံဆောင်းရဲ့ ကျောပြင်ခပ်သေးသေးကိုကြည့်မိတယ်။ဂျုံဆောင်းက အလွန်ခန္ဓာကိုယ်ညှက်တဲ့ထဲမပါပေမယ့် ဆောင်ဟွန်းနဲ့ယှဉ်ရင်တော့ အရပ်ကလေးကလဲမဆိုသလောက်ပုပီး ကျောပြင်လေးကလဲမဆိုသလောက်ပိုသေးတယ်။လှုပ်စိလှုပ်စိကိုယ်လုံးလေးကို အနောက်ကနေသိမ်းကြုံးဖက်လိုက်ရင် သေချာပေါက်ရင်ခွင်ထဲအံဝင်ခွင်ကျပါလာလိမ့်မယ်ဖြစ်ခြင်း...။

"ကိုယ် aglio e olioနှစ်ပွဲနဲ့ အရွက်သုပ်တပွဲပြင်ထားတယ်။ချာတိတ် ခံတွင်းတွေ့ပါ့မလားမသိပေမယ့်"

"မဟုတ်တာ ကျနော်ကြိုက်တယ်"

လူတစ်ယောက်လုံးရှေ့ထားပီး စိတ်ထဲကနေပိစိလေးပစ်မှားနေမိတာမို့ ကိုယ့်ကိုကိုယ်အပြစ်တင်စိတ်လေး နည်းနည်းတော့ဝင်လာမိသေးသည်။မတတ်နိုင်ဘူး ပတ်ဂျုံဆောင်းလိုလူကို ဘယ်သူကငြင်းနိုင်မှာတဲ့လဲ။ဆောင်ဟွန်းအမှားတဲ့လား ဆောင်ဟွန်းအမှားမဟုတ်ပါ။

CallingWhere stories live. Discover now