ဆောင်ဟွန်းကခပ်ဆိုးဆိုးခပ်ပေပေလူတစ်ယောက်။ကိစ္စတိုင်းကိုလူဆိုးကောင်လုပ်နေတာမဟုတ်ပေမယ့် အဂျစ်တိုက်တတ်တဲ့အကျင့်ကပြင်မရ။ပင်ကိုစရိုက်က ခက်ထန်နေသည်မှာ နုနုဖက်ဖက်မျက်နှာလေးနဲ့တစ်စက်ကလေးမှလိုက်ဖက်ညီမနေပါ။ဂုတ်ထောက်နေတဲ့နောက်ဆံပင်ရှည်နဲ့မျက်စိရှေ့နားထိကျနေတဲ့ဆံပင်ပျော့စင်းစင်းတို့က ခပ်ကြမ်းကြမ်းထိုးဖွခံရရင်တောင် ပုံပျက်သွားမည့်ပုံမပေါ်။ဝါဂွမ်းကဲ့သို့နူးညံ့နေပုံပေါ်သည့်မျက်နှာထက်တွင် အစီအစဉ်အကျနေရာယူထားတာက မှိုင်းညို့နေသောမျက်ခုံးတစ်စုံ,အညိုရောင်ရင့်ရင့်မျက်ဝန်းတစ်စုံ ဖြောင့်တန်းနေသောနှာတံနှင့်နှင်းဆီရောင်သမ်းသောနှုတ်ခမ်းတစ်စုံ။သို့သော်ငြားဆောင်ဟွန်းရဲ့ဆွဲဆောင်မှုတွေက ဒီမှာတင်အဆုံးမသတ်ပါလေ။သဘာဝကစေတနာပိုစွာထည့်ပေးလိုက်သော မှည့်အမွှာပူးလေးတစ်စုံက မျက်နှာထက်လှလှပပ။စမှတ်ကမျက်လုံးထောင့်ခပ်စောင်းစောင်း နှာရိုးဖြောင့်ဖြောင့်ပေါ်နယ်ကျွံလျက်ရှိပီး ဆုံးမှတ်က တဖက်မျက်လုံးအောက်ပါးပြင်ပေါ်မှာ။နိဗ္ဗာန်ဆိုတာကို ဆောင်ဟွန်းကိုကြည့်ရုံနဲ့ခံစားစေနိုင်မည့် ရုပ်ရည်မျိုးပင်။တစ်ခွန်းထဲတင်စားရလျှင် "အပိုအလိုမရှိပြည့်စုံသည်"
ဆောင်ဟွန်းကကျောင်းကို internဆင်းသလိုသဘောထားသည်။ကိုယ်ပိုင်လုပ်နိုင်စွမ်းအပြည့်ရှိသည့်လူတစ်ယောက်မို့ သူ့အမြင်ကိုဖြန့်ကြက်ဖို့ကလွဲ ဘဝမှာထူးထူးခြားခြားမလိုတော့ဟုစဉ်းစားသည်လေ။တစ်နေရာထဲမှာခြေချုပ်ကျနေတာကို မုန်းလွန်းတာကြောင့် freelanceသဘောမျိုး ကျောင်းတစ်ဝက် ကိုယ်ပိုင်လုပ်ငန်းတစ်ဝက် ထို့အပြင်ကိုယ်ပိုင်ပရောဂျက်တွေကပါတစ်ဝက်။
ကျောင်းပရောဂျက်တွေကတော့သူ့အတွက်မခက်လှပါ ဒါကြောင့်ဆောင်ဟွန်းကကျောင်းနဲ့ညှိပီး ပရောဂျက်ထပ်ရမဲ့အချိန်နဲ့ အရေးကြီးကိစ္စရှိတဲ့အချိန်တွေမှ ကျောင်းကိုသွားသည်။ဒီလမ်းကို သူ့စီနီယာဟီဆွန်းလဲဖောက်ခဲ့ပီးသားမို့ လွယ်လွယ်ကူကူညှိနှိုင်းလို့ရခဲ့တာဖြစ်တယ်။ဒါပေမယ့် အရေးအကြီးဆုံးအချက်ကလုပ်နိုင်စွမ်းကိုသက်သေပြရမည်မို့ အခုသူတို့အဖွဲ့က new york fashion ပြပွဲကို သွားလေ့လာမည့်ပရောဂျက်ကို တညှိတနှိုင်းတည်းဆုံးဖြတ်ခဲ့ကြခြင်း။