တစ်ရွာလုံးနီးပါးဥက္ကဌအိမ်၌စုရုံးကာ ပူပန်စွာမေးမြန်းနေကြလေသည်။သဘာဝလွန်ဖြစ်ရပ်မို့ အံ့ဩမှုများကလဲအပါအဝင်ပေါ့။"သားတိမ်ရောင် သားပြောမှ အရီးမေတို့ကသိမယ်မဟုတ်လားကွယ်"
"........."
"တိမ်ရောင်လေးရယ် ပြောစမ်းပါကွ ငါ့နှယ်"
ဥက္ကဌဦးစိန်သောင်းအပါအဝင် ဦးစိန်သောင်းအမျိုးသမီးရော တစ်ရွာလုံးနီးပါးမေးမြန်းနေသည်မှာ နေ့လည်ဆယ့်တစ်နာရီမှစလို့ ယခုေနပင်ကွယ်လုလု ဒါတောင်ဘာတစ်ခွန်းမှထွက်မလာသေး။
ရွာရဲ့ဆရာဝန်ေလးခေတ်သစ်မှ
"အငယ် အငယ်မပြောဘူးဆိုရင် ကိုယ်အငယ့်ကိုလက်ထပ်"
"အဲ့ဒါ ကျုပ်ဗိုက်"
ခေတ်သစ်၏စကားပင်မဆုံးလိုက် လူအုပ်၏နောက်ဆုံးမှ ခပ်ဟိန်းဟိန်းထွက်လာသောအသံကြောင့် အားလုံးရဲ့အကြည့်တွေက ထိုလူထံ၌သာ။ထို့နောက်တွင်တော့ အာမေဋိတ်အသံများဆူညံသွားလေတော့သည်။
"ဟေ"
"ဟင်"
"ဟာ"
"သား"
ဒေါ်သစ္စာသားဖြစ်သူ လွှား အား အံ့ဩတကြီးကြည့်မိသည်။ တရားဝင်စေ့စပ်ထားပါသောအမျိုးသမီးရှိပါလျှက်နဲ့ တခြားယောက်ျားတစ်ယောက်အပေါ် ဒီအခြေအနေထိဖြစ်အောင်ဘယ်လိုများလုပ်ရက်ရတာလဲ ။တစ်ဖက်မိန်းကလေးဖြစ်တဲ့ မြသားနု လဲအရှက်ကွဲရသလို တိမ်ရောင်လေးအတွက်လဲ မျာက်နှာဖော်ဝံ့စရာကိစ္စမဟုတ်။
"ကျုပ်ဗိုက်မို့ ကျုပ်ပဲတာဝန်ယူမယ် ဘယ်သူမှယူစရာမလိုဘူး"
"ဟင့်"
မြသားနုငိုကာ ပြေးထွက်လာခဲ့လိုက်သည်။ဘယ်လိုတောင်တစ်ရွာလုံးရှေ့အရှက်ကွဲမှုကြီးလဲ ကိုယ်နဲ့စေ့စပ်ထားပါသောယောက်ျားက တစ်ခြားယောက်ျားတစ်ယောက်နဲ့ကိုဝန်ရသည်အထိဖြစ်ပြီး ရပ်သိရွာသိ ကိုယ့်မျက်စိရှေ့တွင်ဘဲ တာဝန်ယူပါမည်ဟုပြောနေလေသည်။
"မြသား"
လွှား ပြေးထွက်သွားသော မြသားနုနောက်သို့လိုက်သွားလေသည်။