မွေးဖို့ကရက်ပိုင်းဘဲလိုတော့တာမို့ ဆရာလေးခေတ်သစ်ပြောပေးထားသောတိုက်ခန်းမှာ အငယ်တို့ရောက်နေလေပြီ။
အစစအရာရာလိုက်လုပ်ပေးသောဆရာလေးကိုလည်း ကျေးဇူးတင်ပါသည်။အငယ်က ရွာမှာဘဲမွေးချင်ပေမယ့် ယောက်ျားလေးကိုယ်ဝန်ဆောင်မို့ အဆင်မပြေပါ။အငယ်က ခွဲမွေးရမည်လေ။ရွာမှာက ဖွံ့ဖြိုးဆဲမို့ အဲ့လောက်ထိတော့မဖြစ်ထွန်းသေးပေ။
ရန်ကုန်ကအငယ့်အတွက်တော့ပြန်မလာချင်သောနေရာ မစိမ်းသက်သောနေရာပါ။အတိတ်တွေဆီပြန်မရောက်ချင်။အမေရယ် လွှားရယ် အငယ်ရယ်
မကြာခင်ရောက်လာတော့မယ့်ကလေးလေးရယ် သဘောကောင်းလှတဲ့ရွာသားတွေရယ် အေးချမ်းတဲ့ရွာလေးမှာ ပျော်ပျော်ရွှင်ရွှင်နေသွားတော့မည်။လွှားက အမေ့ပါခေါ်လာသေးတာမို့ အားနာရပါသည်။လူကြီးကိုသက်သက်ဒုက္ခရောက်အောင် အဆင်ပြေပါတယ်ဆိုလဲမရ တစ်ခုခုဆို သူကဘာလုပ်လို့ဘာကိုင်ရမှန်းသိမှာမဟုတ်ဘူးတဲ့လေ။ အမေက စစနောက်နောက်တောင် ပြောနေသေးသည် 'ကျုပ်ပါလဲ ကျုပ်ကလူပိုကြီးဖြစ်နေမှာ'တဲ့'ဘာလုပ်လို့လုပ်ရမယ်မှန်းမသိတဲ့လူက မပါတဲ့နေရာမရှိဘူး'တဲ့လေ။
ကလေးလေးမွေးခါးနီးမို့လို့ဘဲလားမသိပါ။စကားပြောတာကအစအရင်လိုမဟုတ်တော့ အားလုံးပြေပြေပြစ်ပြစ်သာ။ အရင်ကထက်လည်းပိုပိုဂရုစိုက်လာပါသေးသည်။
"သားတိမ်ရောင်"
"ဗျာ အမေ"
"နေရထိုင်ရအဆင်ပြေရဲ့လားသား မွေးခါနီးဆိုတော့ အဆစ်တွေဘာတွေကိုက်ခဲနေမယ်ဆိုးလို့"
"အဆင်ပြေပါတယ်အမေ အဲ့လိုတေမဖြစ်ဘူး"
"အေး အေး "
"အမေ ဒီမှာနေရတာအဆင်ပြေရဲ့လားဟင်"
"အဲ့ဒီ ကားသံတေ ဆိုင်ကယ်သံတေ ကလွဲရင်တော့ အဆင်ပြေပါတယ်သားရယ်"
တိုက်ခန်းက ဆေးရုံနဲ့မျက်နှာချင်းဆိုင်ဖြစ်လို့ ကားသံဆိုင်ကယ်သံတွေကြောင့် အမေစိတ်ညစ်နေသည်ထင်။
"ရွာပြန်ချင်ပြန်ပါ့လားအမေ အငယ်လဲအဆင်ပြေနေတာဘဲကို"
"မပြန်ပါဘူးသားရယ် ရပါတယ် အမေ့မြေးလေးမျက်မှာကို ဟိုအကောင့်ထက်အရင်ကြည့်မလို့တော့"