"ဗျို့အရီးသစ္စာ"
"ဟေ ဘယ်သူတုန်း"
"ဖိုးခွားပါဗျ"
"လာပြီဖိုးခွားရေ အော်မနေနဲ့ ငါ့မြေးနဲ့ငါ့သားမက်အိပ်နေတယ်"
"ဟုတ်ကဲ့ပါဗျာ အရီးတို့အရမ်းအကဲပိုတယ်"
"ကဲ ဘာကိစ္စ အဲ ဧည့်သည်တွေပါလာတာလား"
"ဟုတ်တယ်အရီးရ ဒီကဦးလေးနဲ့ အဒေါ်က အကိုတိမ်ရောင်လေး နာမည်နဲ့ ဓာတ်ပုံပြပြီးမေးတာနဲ့ ခေါ်လာလိုက်တာ"
"အော် အေး အေး ကြွပါရှင်အိမ်ထဲကို"
"ဟုတ်ကဲ့"
"ထိုင်ပါအုန်းရှင် ဖိုးခွားရယ်အရီးကို အအေးလေးသွားဝယ်ပေးစမ်းပါအုန်း အိမ်မှာကုန်နေလို့ ရော့ ပိုက်ဆံ"
"ဟုတ်ကဲ့ ဟုတ်ကဲ့"
"ဟို ဒီကဧည့်သည်တွေက သားတိမ်ရောင်နဲ့ဘယ်လိုများပတ်သက်လို့လဲမသိဘူး"
"ကျွန်တော်က တိမ်ရောင်ငယ်အဖေ ဦးအရောင်ဝါရဲ့ရှေ့နေ ဦးထိန်လင်း
ပါ ဒီဘက်က သူ့မေမေလေးဒေါ်ခွန်းသီရိပါ""ဟို မေမေလေးဆိုတော့"
"ဟုတ်ပါတယ် ဦးအရောင်ဝါရဲ့နောက်အိမ်ထောင်ပါ"
"အော် ဟုတ်ကဲ့ အခုက.."
"တိမ်ရောင်ငယ်ကို လာခေါ်တာပါ"
"ရှင်!"
"ဟုတ်ပါတယ် ရှေ့လကဘဲ ဦးအရောင်ဝါက ဆုံးသွားပါတယ် သူ့သေတမ်းစာအရ ပိုင်ဆိုင်မှုတွေက တိမ်ရောင်ငယ်နာမည်နဲ့ပါ အဲ့ဒါကြောင့်မို့ ပြန်လာခေါ်ရခြင်းပါ"
"အမေ"
အခန်းပေါက်ဝ၌အငယ်ကအိပ်မှုန်စုန်ပွားလေးနဲ့ခေါ်လာသည်။စကားသံတွေကြောင့်နိုးလာတာထင်သည်။
"သားနိုးပြီလား လာပါအုန်း မြေးရော"
"ဟုတ် အမေ့မြေးကအိပ်တုန်း ဟင်"
အငယ့်ရဲ့ အံ့ဩမှုကြောင့်အမေက အငယ့်ကိုကြည့်နေသည်။အငယ်အရမ်းကြောက်ပါသည်။ ဒီအမျိုးသမီးကိုထပ်မမြင်ချင်မတွေ့ချင်ပါ။အငယ်ဘဝရဲ့ပြောင်းလဲမှုတွေကဒီအမျိုးသမီးကြောင့်။
"သားတိမ်ရောင် uncle ကိုမှတ်မိပါတယ်နော်"
"ဟုတ်ကဲ့"