"မင်းလွန်တယ်လို့မထင်ဘူးလားမြသား"
"အဟက်.."
လွှားရဲ့အပြောအား မြသားနုကခေါင်းကိုမော့လို့ရီလေသည်။လွန်တယ်တဲ့လား ပြောရက်တယ်နော် အဟင်း။
"မင်းကို သိမ်မွေ့ပြီး ကြင်နာတတ်တဲ့မိန်းကလေးလို့ထင်ခဲ့မိတာ မှားတယ် သိပ်မှားတယ်"
"အဲ့ဒီကြင်နာမှုတွေ သိမ်မွေ့မှုတွေက အချစ်နဲ့ပတ်သက်ရင် မြူမှုန်ဘဲ"
"ဘာလို့အငယ့်ကိုအဲ့လိုလုပ်ရတာလဲ ဟမ် ဘာလို့လဲ"
"ကျွန်မ အငယ့်ကို လုပ်တာမဟုတ်ပါဘူး အဟင်း သူ့ဗိုက်ထဲကကလေးကိုဘဲလုပ်တာ"
"ဘာ!! မင်း မိန်းမယုတ်ပဲ"
"ဟုတ်တယ် ကျွန်မကအဲ့လိုမိန်းမ"
"တောက်စ်! မင်း အငယ်ပါထိခိုက်တော့မလို့ အဲ့ဒါမင်းနားလည်လား တော်သေးတာပေါ့ အငယ်ရောငါ့ကလေးပါ ဘာမှမဖြစ်လို့!"
"... ..."
"မင်းကသူနဲ့ကလေးအပေါ်ထိခိုက်စေခဲ့တာတောင် သူကမင်းလုပ်တာဘာလို့ တစ်ခွန်းမဟခဲ့ဘူး အဲ့ဒါမင်းသိလား"
သိတာပေါ့ သိပ်သိတာပေါ့ သူတိတ်တခိုးချစ်ခဲ့ရတဲ့ ဒီအမျိုးသားလေးက နူးညံ့တဲ့နှလုံးသားပိုင်ရှင်လေးမှန်း ။
စတွေ့ကတည်းကချစ်ခဲ့ရတာပါအငယ့်ကို
တိမ်ရောင်ငယ်ဆိုတဲ့လူသားလေးကို။
သူ့ကိုကိုယ်မပိုင်ရရင်တစ်ခြားဘယ်သူမှမပိုင်ဆိုင်ရဘူးဆိုတဲ့စိတ်နဲ့ လွှားနဲ့တောင်စေ့စပ်ခဲ့တာ။ ဒီလူသားလွှားကိုချစ်နေပြီဆိုတဲ့အသိနဲ့ ကိုယ်မချစ်တဲ့သူနဲ့ စေ့စပ်ခဲ့တာ လက်တွဲဖို့ရွေးချယ်ခဲ့တာ ။ကံတရားရဲ့မျက်နှသာပေးမှုကြီးကအံ့ဩဖွယ်ပါဘဲ ချစ်ရသူ၌ကိုယ်ဝန်ပါရခဲ့ပါသည်တဲ့။
မတွေးနိုင်ခဲ့ဘူး နောက်ဆက်တွဲ အကြိုးဆက်တွေကို မမြင်ခဲ့ဘူး သူပါထိခိုက်သွားမလားဆိုတာကို။ဒီကလေးမရှိရင်အရာအားလုံးအဆင်ပြေပြီထင်ခဲ့တာ။ထပ်လွဲခဲ့ပါတယ်။သူ့ကိုဆေးခတ်ခဲ့တဲ့ကျွန်မကို သိက္ခာမကျအောင် ဘာတစ်ခွန်းမှ မပြော။အရီးသစ္စာကိုပါမပြောအောင်တောင်းဆိုထားမှန်း ရွာထဲကသတင်းတွေကသက်သေ။ ကျွန်မသိက္ခာတွေအတွက် သူ့သိက္ခာတွေကျနေတာတောင်။