'အချစ်'ဆိုတဲ့အရာကိုထုတ်မပြပေမယ့် သူ့ရဲ့ဂရုစိုက်မှုတွေကတစ်ဆင့်နွေးထွေးမှုကိုခံစားရပါတယ်။လွှားက အငယ့်ကိုသားကြောင့် လက်ထပ်လိုက်ရသည်ဖြစ်စေအုန်းတော့ အငယ်က သူ့ကိုချစ်ရသူမဟုတ်ပါလား။ သူ အငယ့်ကိုမချစ်လဲ အခုလိုအေးချမ်းသာယာတဲ့မိသားစုလေးဖြစ်နေယုံနဲ့ကျေနပ်ရပါသည်။
"သားအိပ်ပြီလား"
"ဟင်"
တိုက်ခန်းပြန်ကာ ညနေစာစီစဉ်နေသူက စားပွဲပေါ် ချိုင့်များတင်ကာ အငယ့်ရင်ခွင်ထဲရှိသားအား မေးငေါ့ပြလို့ မေးလာလေသည်။
"အဲ့ အဲ"
နို့အားမစို့ဘဲငုံထားကာ မှိန်းနေသောသားက သူ့အသံကြောင့် တအဲအဲ အသံပြုတော့
"သား ကိုပေး"
"အိပ်ချင်နေတာ ဂျီကျအုန်းမယ်"
"သားကအဲ့လိုကလေးမဟုတ်ဘူး"
ဟုတ်ပါတယ် ပြောမဲ့သာပြောရတာပါ သားကအဲ့လိုဂျီကျတာတွေ မရှိ။ ယုတ်စွအဆုံးအသံကျယ်ကျယ်တောင်မအော်။သူ့အဖေကလွဲလို့ ။သူ့အဖေအသံကြားရင်တော့ဘယ်လိုမှမရ အဲ့အချိန်ဆိုရင်တော့ ကိုရေခဲက သူ့အဖေမခေါ်မချင်း အော်ငိုတတ်သည်။
"ခြောက်နာရီမကျော်ခင်စားထား"
သားကိုထိန်းရင်း ဖွင့်ထားသောချိုင့်အားညွှန်ပြလို့ပြောသည်။ ထိုအခါမှ ထမင်းစားဖို့အတွက် သားကိုထိန်းပေးခြင်းဖြစ်မည်မု အငယ်တွေးမိလေသည်။
အမေက သားတစ်ပတ်သားလောက်ကျတော့ရွာကိုပြန်နှင့်သည်။အမေကအငယ်တို့နဲ့မှအတူပြန်ပါမယ်ပြောလဲ မရသူက လွှားပင်။ကျန်ခဲ့တဲ့လယ်တွေ အိမ်တွေကိုအကြောင်းပြလို့ မရရအောင်ကိုပြန်လွှတ်တာဖြစ်သည်။
အငယ်အခြေနေကလဲ စိတ်ချရပြီဖြစ်သလို သားကလည်းကျန်းကျန်းမာမာပင်။ဒါကိုအကဲပိုသူက တစ်လလောက်ဆေးရုံမှာနေရမယ်ဆိုလာတာကြောင့် နှစ်ပတ်လောက်ပဲနေပါမည်ဟုမနည်းပြောရသေးတာ။ဗိုက်ခွဲထားတာမို့ ခရီးဝေးပြန်ရမှာမို့ စိတ်ချရအောင်တဲ့။'အချစ်'ဆိုတာကြီးကို တသီးတသန့် ဖွဲ့ဖွဲ့နွဲ့နွဲ့တွေ ထုတ်ဖော်မပြောဖြစ်ကြပေမယ့် ထေးမမှုတွေ ဂရုစိုက်မှုတွေနဲ့ ခိုင်မာမှုတွေကိုရစ်ဖွဲ့ထားသည်။အခုဆိုနောက်ထပ်ကြိုးလေးတစ်ချောင်းနဲ့ထပ်တို့လို့ ချည်နှောင်ထားကြပြီ။